Part36

6.3K 459 11
                                    

Part 36
.
မြန်မာပြည်ထဲလေယာဥ်ဆိုက်ရောက်တော့
Zeed နောင်ပေးထားတဲ့လိပ်စာကိုကြည့်လိုက်သည်။ ရံဖန်ရံခါ သွားလည်ချင်တာတို့ဘာတို့ရှိရင်ရှာရလွယ်အောင် နောင်ပေးထားခြင်းဖြစ်သည်။

နောင်အခြေနေကိုတစ်ချက်စစ်ကြည့်ရုံပဲမို့
ဒီနေ့ပဲ သူထိုင်းကိုပြန်မည်ဖြစ်သည်။ ဒါ့ကြောင့်သူ့လူတွေကို လေဆိပ်မှာသာခဏစောင့်နေခိုင်းလိုက်၏။ နောင်နဲ့တွေ့ပြီးရင်
Bangkok ကိုသူတန်းပြန်မှာဖြစ်သည်။

အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ နောင်ရှိတဲ့နေရာကိုအငှားယာဥ်ဖြင့် Soloနဲ့အတူသူသွားလိုက်၏။ဖုန်းခေါ်ကြည့်တော့ကိုင်သူကမရှိချေ။ လူချင်းတွေ့ရမှာပဲမို့ သူဖုန်းတစ်ခါသာခေါ်မိသည်။ နံဘေးတွင်ထိုင်နေသော Soloက မြန်မာပြည်ရဲ့မြို့ကြီးတွေထဲအခုမှရောက်ဖူးတာကြောင့် တွေ့သမျှကိုစူးစမ်းလေသည်။ စပ်စုရတာဝါသနာမပါတဲ့ကောင်လေးကဒီတစ်ခါအတော်
စူးစမ်းနေတော့ Zeed ပြုံးပြီး Soloလက်တစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်။

"အားတဲ့တစ်နေ့ ထပ်လာကြတာပေါ့''

လက်တစ်ဖက်ကိုဆုပ်ကိုင်လိုက်စဥ်လှည့်ကြည့်လာသူကို သူပြောလိုက်ခြင်းဖြစ်သည်။ ထိုအခါ Soloက ယဲ့ယဲ့ပြုံးရင်းခေါင်းညိတ်သည်။ သူ့အစ်မကိုပြန်တွေ့ချင်စိတ်တွေပြင်းပြနေတော့ Zeed နောင်ထက် Soloကိုဒုတိယအကြိမ်ထပ်ပြီးရွေးချယ်မိပြန်သည်။ ချစ်တော့လည်း သင့်တာတွေမသင့်တာတွေမသိ။ ချစ်တဲ့သူကိုပျော်အောင်ထားချင်သည်။ အထူးသဖြင့် သိမ်ငယ်လွယ် ဝမ်းနည်းလွယ်သောချစ်သူမျိုး။

သူတို့ လေဆိပ်ကနေ နောင်နေတဲ့အိမ်ရောက်ဖို့တစ်နာရီသွားရသည်။ လိပ်စာအတိုင်းရောက်သွားတော့ ကားပေါ်ကဆင်းပြီး ခြံအကျယ်နဲ့အိမ်အကြီးကိုတစ်ချက်အရင်အကဲစမ်းလိုက်သည်။ သူကြည့်နေတုန်းမှာပင် တံခါးကဝုန်းခနဲဖွင့်လာသည်။ ခြံထဲကိုသူ​ခြေမလှမ်းခင်
ဇွဲသက်တန့် မိဘတွေရဲ့အရှိန်အဝါကြီးမားမှုကိုသူထိထိမိမိခံစားနိုင်သည်။

"နောင်အစ်ကိုလား အိမ်ထဲဝင်လေ''

အိမ်ထဲကထွက်လာသောအပြာရောင်
တီရှပ်လက်ရှည် အနက်ရောင်ဘောင်းဘီ
နှင့်ဦးအရွယ်လူက နွေးထွေးစွာကြိုဆိုနေတော့ Zeedခေါင်းညိတ်ကာအရိုအသေပေးလိုက်သည်။ ကြည့်ရသလောက်
ဇွဲသက်တန့်၏အဖေဖြစ်မည်။
အသက်ကမငယ်တော့ပေမယ့်ခန့်ညားမှုက
တစ်သိန်းတစ်သောင်းမကချေ။

Never Ending ( Complete) Where stories live. Discover now