s3(8)

2.4K 189 1
                                    

8

Unicode
.

"ကျောင်းသားခေါင်းဆောင်!''

သူ့အခန်းထဲဗြုန်းစားကြီးရောက်ချလာတဲ့ကျောင်းသားခေါင်းဆောင်Lordကြောင့် Jayမျက်လုံးဝိုင်းတော့သည်။

Lord၏မျက်နှာကား ခက်ထန်ပြီး သူ့အား
မသင်္ကာသလိုကြည့်လာသောအခါ Jay
မျက်နှာအနည်းငယ်ပျက်သွားလေသည်။

သို့သော် ပြန်ထိန်းလိုက်ပြီး Lordအရှေ့
သူပိတ်ရပ်နေလိုက်၏။

"ဘာကိစ္စရှိလို့ပါလဲ Lord
မရှိရင်ပြန်ထွက်သွားပေးပါ သူများအခန်းထဲခွင့်မတောင်းဘဲမဝင်ရဘူးလို့ကျောင်းအုပ်ကမှာထားတယ်မဟုတ်လား''

လက်နှစ်ဖက်ဆန့်လျက်သူ့အရှေ့မိမိရရကြီးပိတ်ရပ်ထားတဲ့ Jay ကို Lord
တစ်ချက်ကြည့်ပြီး Jay မျက်နှာကိုသူအကဲစိမ်းမိသည်။

Jay၏မျက်ဝန်းကတစ်ခုခုကိုစိုးရိမ်နေ
သည့်အငွေ့အသက်တို့ပြည့်နေပြီး မျက်နှာက ပျက်လုနီးနီးဖြစ်နေသည်။

အသံကအနည်းငယ်မာချင်နေပြီး သူ့အား
ပြန်ထွက်သွားစေသည့်ဆန္ဒတို့ပြည့်လျှံနေ၏။

သို့ကြောင့် Lordသဘောပေါက်သွားချေပြီ။ Jayတွင် ကြီးမားသောလျှို့ဝှက်ချက်ရှိနေသည်။ Lordခံစားမိသလောက်ဆို Jay၏လျှို့ဝှက်ချက်ကို သူ့အခန်းဖော်တောင်သိပုံမပေါ်။

သူ့အခန်းဖော်က သူ့အချစ်ဆုံးအစ်ကိုဝမ်းကွဲဆိုလားပဲ။

"ဖယ်''

Lord သူ့ကိုတွန်းဖယ်ပြီးသူ၏စာကြည့်စားပွဲဆီလှမ်းလိုက်သည်။ သို့သော် Jayက ချက်ချင်း ပိတ်ရပ်လာပြန်ပြီး Lordကို ဒေါသတကြီးနဲ့တွန်းထုတ်နေ၏။

"ပိုင်ရှင်ကခွင့်မပြုရင်သူ့ပစ္စည်းကိုထိခွင့်
မရှိပါဘူး ကျောင်းသားခေါင်းဆောင်
ကျေးဇူးပြုပြီး လေးစားမှုရှိပေးပါ''

"အတည်ပြုစရာရှိလို့မင်းပစ္စည်းတွေကိုခဏစစ်ကြည့်ရုံပဲ ဖယ်''

"မရဘူး အဲ့ဒါကြောင့်လာရာအတိုင်းပြန်ထွက်သွားလိုက်ပါ''

Jayဟာပါးစပ်ကခပ်လောလောပြောရင်း
Lordကို အတင်းပင်အပြင်သို့တွန်းနှင်လေ၏။

Never Ending ( Complete) Where stories live. Discover now