Part 34

6.3K 480 13
                                    

Part 34
.
Melbourne, Australia

ThaiမှAustralia သို့လာရာတွင် မိတ်ဆွေစစ်ရဲ့အကူအညီကိုZeedအတော်လေးရလိုက်သည်။ Soloဖမ်းခံရပြီးမနက် သူ
မြန်မာနယ်စပ်မှထိုင်းကိုပြန်ရောက်လာပြီးမကြာမှာပင် Australia က မိတ်ဆွေထံ
သူအသံဖိုင်တစ်ခုပို့လိုက်သည်။ Chally နေရပ်ကိုရှာပေးဖို့သူအကူအညီတောင်းလိုက်ရာ ထိုညမှာပဲ Chally အနေများဆုံးနေရာကိုသူသိလိုက်ရသည်။

ထိုနေရာကား Zeedအခုရောက်နေတဲ့
Melbourne သာဖြစ်သည်။Johnအပါအဝင်တခြားအတိုက်အခိုက်တော်သည့် သူ့လူ အယောက်နှစ်ဆယ်လည်းပါ၏။သူတို့ရောက်သည့်အချိန်ကား မနက်အချိန်မို့ Chally တည်နေရာကိုရှာဖို့ပိုလွယ်သွားလေသည်။

"အေးဆေးအနားယူပါဗျ ကျွန်တော့်
Hotel မို့ Mr.Zeedတို့ဘာမှစိုးရိမ်စရာမလိုပါဘူး ကျွန်တော်ဘက်က တတ်နိုင်သလောက် လုံခြုံရေးတွေချပေးထားပါတယ်''

လေဆိပ်တွင်ဆင်းကတည်းက လူကိုယ်တိုင်လာကြိုသည့်မိတ်ဆွေ အခုလည်း သူ၏Hotelကိုခေါ်လာပြန်သည့်မိတ်ဆွေ။ အလုပ်ကိစ္စကြောင့်အမြဲ
တွေ့ဖူးနေကျဆိုပေမယ့် တအားရင်းနှီးနေတာမျိုးတော့မဟုတ်။ စိတ်ရင်းကောင်းတယ်ပဲပြောရမလား လုပ်ငန်းတွဲဖက်လုပ်ကိုင်ဖူးသူတွေမို့ ဝတ္တရားအရ ဝန်ဆောင်မှုပေးတယ်ပဲပြောရမလား။
ဘာဖြစ်ဖြစ် Zeedအတွက်အကူအညီများစွာရလိုက်သည်။ထပ်ပြီး လှုပ်ရှားမှုတွေကိုလည်း သူကပဲ ကူညီဦးမည်ဖြစ်သည်။

"ခဏအနားယူကြဦး ပြီးမှစပြီးလှုပ်ရှားမယ်''

"ဟုတ် Boss!!''

Zeedသူ့လူတွေအားလုံးကိုနေရာချပြီး
သည့်အခါ သူ့အတွက်သီးသန့်ပြင်ပေးထားတဲ့အခန်းဆီပြန်လာလိုက်သည်။
သူမခေါ်ဘဲအနောက်ကလိုက်လာသည့်
John ကိုသူလှည့်မကြည့်သလိုတားလည်းမတားဖြစ်။ John ပြောစရာရှိနေမှန်း သူသိသောကြောင့်ပင်ဖြစ်သည်။

အခန်းထဲရောက်တော့ကုတ်အင်္ကျီကိုချွတ်ပြီးအိပ်ရာပေါ်ပစ်တင်လိုက်သည်။ နောက်
အင်္ကျီလက်နှစ်ဖက်ကိုတံတောင်အထိခေါက်တင်ရင်း Johnကိုလှည့်ကြည့်လိုက်လေ၏။Johnက ခေါင်းငုံ့ထားတဲ့ Zeedကပဲစကားစလိုက်ရသည်။

"ပြော''

"ဟုတ် Boss ကျွန်တော်မနေ့က Chally လူမှုကွန်ရက်အကောင့်တွေကိုရှာရင်းနဲ့
Video ဖိုင်တစ်ခုကိုတွေ့လိုက်တယ် လူတစ်ယောက်ကားတိုက်ခံရတာ ဖိုင်ကပြန်ဖျက်သွားပေမယ့်ကျွန်တော်ရအောင် ယူထားတယ် Bossနဲ့တူတော့ Bossညီများဖြစ်နေမလား''

Never Ending ( Complete) Where stories live. Discover now