s3(18)

3.9K 225 5
                                    

18
.

Unicode
Zawgyi
.
.
ကလေးတွေကိုနောက်ဆုံးစာမေးပွဲမဖြေဆိုမီနှင့်ဖြေဆိုပြီးသည်အထိ ကျောင်းကဆရာတိုင်း တာဝန်ရှိသူတိုင်းက အထူးဂရုစိုက်ပေးကြသည်။

အလုပ်ပါးသွားသည့်ဇွဲသက်တန့်ကပါ
နိုင်သည့်ဘက်ကနေ ဝိုင်းကူပေးသည်။

ကျောင်းကတစ်နှစ်အတွက်စာတွေပြီးသွားသော်လည်း ကလေးတွေကား အိမ်ပြန်ခွင့်မရှိချေ။ ဒုတိယခြေလှမ်းပြန်မစသေးသရွေ့ ကျောင်းမှာသာနေစေပြီး တိုက်ခိုက်ရေးဘက်ကိုပိုအားထည့်စေလိုက်သည်။

ဤသည်ကား ကျောင်းမဖွင့်ခင်ကတည်းကကြိုတင်ချထားသည့်
စည်းမျဥ်းတွေမို့ ကလေးတွေက ဘာငြိုငြင်မှုမှမပြကြချေ။

စာကိုအဓိကထားသင်ပေးသည့်ဆရာတွေကတော့ ကျောင်းပြန်မဖွင့်ခင် တစ်ပတ်အထိအိမ်ပြန်ခွင့်ရှိသည်။

သို့နှင့် အမှတ်စာရင်းတွေသေချာပြုစုပြီးမှသာ ကျောင်းက သူတို့ရဲ့ပြန်ခွင့်ကိုလက်ခံပေးမည်ဖြစ်သည်။

ကလေးတွေကြားအပြောင်းအလဲရှိသလို ဆရာတွေကြားမှာလည်းအပြောင်းအလဲရှိသည်။

အလုပ်ထွက်ချင်သူတွေရှိသလို လျှောက်လွှာလာတင်ထားသူတွေလည်းရှိသည်။

ကလေးတွေကား ပထမနှစ်အတွက်ကျောင်းသားအသစ်ကလေးတွေလာဦးမည်ဖြစ်သည်။

စာမေးပွဲကြီးပြီးသည့်အခါမှာတော့ ကလေးတွေကိုလွတ်လပ်ရက်ငါးရက်တိတိပေးထားလိုက်သည်။

အပြင်လျှောက်လည်ခွင့်ရှိသလို အိမ်နီးသူတွေအိမ်ပြန်ခွင့်ရှိသည်။

တော်တော်များများကတော့ ငဆိုးလေးတွေပဲ။ အိမ်မှာက ကျောင်းလောက်
မလွတ်လပ်လို့မပြန်ချင်သူတွေကတစ်ဖွဲ့၊
မိသားစုပြသနာကြောင့်အိမ်မပြန်ချင်သူကတစ်ဖွဲ့ စသဖြင့် အဖွဲ့တွေများစွာကွဲကုန်ပြီး
ပြန်မည့်သူကား အယောက်တစ်ထောင်မှာ
အယောက်တစ်ရာတောင်မပြည့်ချေ။

ဘာနေနေ ကျောင်းကတော့ ကလေးတွေရဲ့ရွေးချယ်မှုတိုင်းကိုထောက်ပံ့ပေးပါသည်။

နောက်ဆုံးဘာသာဖြေပြီး နောက်တစ်ရက်ညတွင် ကလေးတွေအတွက်လူငယ်ပါတီကျင်းပပေးဖို့ရာ တစ်ကျောင်းလုံးဟာရောင်စုံမီးများဖြင့် လှပနေခဲ့သည်။

Never Ending ( Complete) Where stories live. Discover now