Extra 2

6K 387 45
                                    

.
Unicode

ဇွဲသက်တန့်နှင့်နောင် ထိုင်းကိုစရောက်
သည့်အချိန်ကစလို့ Zeedက သူ့လူတွေအားလုံးကို လွတ်လပ်ခွင့်အပြည့်ပေးလိုက်လေ၏။ညစာစားပြီးတာနဲ့ တစ်ရက်တာသင်ခဲ့သမျှလက်တွေ့သင်ခန်းစာတွေကိုစာတွေ့ပြန်ဖြေရတာတွေ မိုးလင်းတာနဲ့ လေ့ကျင့်ရေးဆင်းရမှာတွေမရှိတော့ဘဲ စိတ်ကြိုက်နေခွင့်ပေးခြင်းဖြစ်သည်။

Zeed လူတွေကလည်း အလိုလိုက်ပေး
ချင်အောင်နေတတ်သည်။ သူတို့Bossကသူတို့ကိုစိတ်ကြိုက်နေခွင့်ပေးတာတောင် သူတို့က တအားဆူညံတာတို့မလုပ်။ အလိုက်သင့်လေး နေတတ်ကြပြီး အတော်ချစ်စရာကောင်းတဲ့ဂိုဏ်းသားတွေဖြစ်၏။ သူတို့Bossနဲ့ချွတ်စွပ်တူတဲ့ နောင်ကိုလည်း
စတွေ့ကတည်းက နေဝင်မိုးချုပ်တဲ့အထိ
တစိမ့်စိမ့်ကြည့်တတ်ပြီး အချိန်တစ်ရက်ကုန်သွားတာတောင်ကြည့်နေတုန်းဖြစ်သည်။ နောင်ဘယ်သွားသွားသူတို့ခေါင်းတွေက နောင်သွားရာဘက်အမြဲ
လှည့်တတ်၏။

နောင်ကစကားတွေဘာတွေပြောလို့တစ်ချက်တစ်ချက်ထရီရင် သူတို့ကနံဘေးကနေ ဖွဖွလိုက်ရီသည်။အငယ်ဆုံးဂိုဏ်းသားလေးတွေကဆို မေးတွေထောက်ပြီး နောင် ကိုမျက်တောင်မခတ်တမ်းကြည့်နေ၏။
နောင်နဲ့ဇွဲသက်တန့် မြန်မာလိုပြောနေကြချိန်ဆိုသူတို့ကပိုစိတ်ဝင်တစားကြည့်ကြ၏။ နောင် ကအနေခက်နေတဲ့ပုံမပေါ်တော့ Zeedလည်း သူတို့တွေကိုဘာမှ
မပြော။ နောင်ကို သူတို့စိတ်ကြိုက်ကြည့်ရင်း 'Bossတို့ညီအစ်ကိုနှစ်ယောက်ဆင်တူဝတ်ကြည့်ပါလား'တဲ့။

သူတို့ရဲ့ပြိုင်တူတောင်းဆိုမှုကို Zeedရော
နောင်ပါ ကြည်ဖြူစွာလက်ခံ၏။
ဒါ့ကြောင့် နောင်ထိုင်းကိုရောက်ပြီး
နောက်တစ်နေ့ ညနေတွင်ဂိုဏ်းသားတွေရဲ့ဆန္ဒကို Zeedနှင့်နောင် အမွှာညီအစ်ကို
နှစ်ဦးက ဖြည့်ဆည်းပေးဖို့စတင်ပြင်ဆင်၏။အလုပ်အကိုင်နဲ့သူတွေမို့အချိန်ကိုအားရင်အားသလိုညှိယူရခြင်းဖြစ်ရာ ဂိုဏ်းသားတွေရဲ့ဆန္ဒကို ညနေလောက်မှ ဖြည့်ပေးနိုင်ခြင်းဖြစ်သည်။

Zeedနဲ့နောင် ပြင်ဆင်နေစဥ် ဂိုဏ်းသားတွေကအောက်ဆုံးထပ်က လေ့ကျင့်ရေးကွင်းတွင် စုဝေးနေကြလေပြီ။ သူတို့ပျော်ရအောင် Zeedက ညစာစားပွဲလည်းပြင်ဆင်ပေးထားတော့ လေ့ကျင့်ရေးကွင်းတွင်ထိုင်ခုံတွေစားပွဲတွေကနေရာယူထားပြီးပြီဖြစ်၏။ ညစာစားပွဲမစသေးခင် ဂိုဏ်းသားတွေကထိုင်ခုံတွေမှာအသီးသီးနေရာယူပြီး သူတို့Bossနဲ့Bossအမွှာညီလေးကိုဆင်တူဝတ်ထားတာမြင်ရဖို့ ရင်ခုန်စိတ်လှုပ်ရှားစွာထိုင်စောင့်နေလေ
သည်။

Never Ending ( Complete) Hikayelerin yaşadığı yer. Şimdi keşfedin