Part 26

6.2K 487 2
                                    

Part 26
.
"နောင် မင်းမစားဘူးလား''

နေ့ခင်းနှစ်ယောက်အတူထမင်းစားချိန်၌
ကြက်ဆင်ဟင်းကိုလုံးဝမထိသည့်
ဘောစေးနောင် ကိုဇွဲသက်တန့်ကပြောခြင်းဖြစ်သည်။ အနားတိုးပေးတော့လည်း
နောင်က လက်မခံ။ ထမင်းဖြူနဲ့အရွက်တွေသာ စားနေတော့ နောင် ကြက်ဆင်
မစားရဲမှန်းဇွဲသက်တန့်သိလိုက်ချေပြီ။

"ရွံတာလား ကြက်ဆင်ကို ''

"မသိဘူး မစားရဲဘူး''

နောင်၏စကားကြောင့် ဇွဲသက်တန့် နှုတ်ခမ်းစွန့်ကာပြုံးသည်။ သူ့ရုပ်သူ့ရည်နဲ့
ကြက်ဆင်ကို ရွံသတဲ့လား မှတ်သားဖွယ်စရာပင်။ ကြက်ဆင်ကအလွန်စျေးကြီးတာကြောင့် စားချင်ပါတယ်ဆိုတဲ့လူတွေကတောင်မဝယ်စားနိူင်။ ဝယ်နိုင်တဲ့သူက
မစားရဲပြန်။ မစားရဲလည်းနေ။ ဇွဲသက်တန့် တို့က လူကလွဲရင် ကျန်တာအကုန်စားရဲသည်။ ထင်တာပဲ။

"မင်းရုပ်ကဘာစားသင့်လဲသိလားနောင်''

"ဘာလဲ''

နောင်က ထမင်းစားနေရင်းမှရပ်ပြီးနားစွင့်တော့ ဇွဲသက်တန့် ရီလေသည်။

"တီကောင်ကြော် ပိုးဟပ်ထောင်း အ်ိမ်မြှောင်သုပ် ''

ဇွဲသက်တန့် ဆီက စကားတွေကြောင့်
နောင် မျက်နှာရှုံ့သွားသည်။
နောက် အီသလိုလို ဘာလိုလို နဲ့ နောင် က
ထမင်းပန်းကန် ဟင်းပန်းကန်တွေကို
သူ့အဝေးဆီ အကုန်တွန်းပစ်၏။

ထမင်းစားနေသည့်တဲအိမ်မှလည်းပြေးထွက်သွားတာကြောင့် သွားအန်နေမှန်း
ဇွဲသက်တန့် သဘောပေါက်သွားသည်။

ရွံတတ်လိုက်တာနောင်ရာ
မင်းရုပ်က အိမ်မြှောင်ထက်တောင်ရုပ်ဆိုးနေသေး ငါ့လိုလူကရွံတတ်တယ်ဆိုကြားလို့ကောင်းပါသေး မင်းက သေနာကောင်
ဇွဲသက်တန့်ရဲ့အချစ်တော်ဘောစေးနောင်။

"သေသွားတာလားနောင် ထမင်းပြန်လာစားလေ''

အပြင်ထွက်သွားတာအတော်ကြာသည်အထိပြန်မလာသေးသော နောင် ကို
ဇွဲသက်တန့် လှမ်းခေါ်ခြင်းဖြစ်ပေသည်။

ထူးသံတို့လုံးဝမကြားရတော့ ဇွဲသက်တန့် သက်ပြင်းရှိုက်၏။ ဒါလေးစတာကိုသေတော့မယ့်အတိုင်းလုပ်နေပါ့လား
သူများကဘယ်သူ့ချစ်သူလဲလာမေးရင်
ငါမသိဘူးလို့သာ ဖြေရမည်ထင်ရဲ့။

Never Ending ( Complete) Where stories live. Discover now