Part 2
Unicode & Zawgyi
.
.
.
ကျေးငှက်ကလေးတို့ရဲ့တေးဆိုသံညံညံ
လေထုအေးရဲ့အေးစိမ့်မှုတို့ကြောင့် ဇွဲဇွဲ မျက်လုံးမနည်းဖွင့်ရသည်။လှုပ်ပင်မလှုပ်နိုင်လောက်အောင်လည်း
တစ်ကိုယ်လုံးနာကျင်ကိုက်ခဲ့မှုနဲ့ပြည့်နှက်လေသည်။အားတင်းကာကြမ်းပြင်အားလက်ထောက်၍ ကုန်းရုန်းထလိုက်ရသည်။
အိပ်ချင်စိတ်ကမပြယ်သေးသောအခါ
ဇွဲဇွဲ အူတူတူနဲ့သာဟိုဟိုဒီဒီကြည့်လေသည်။တဒင်္ဂအတွင်းသတိပြန်ကပ်လာသောအခါ
ဇွဲဇွဲ မျက်လုံးအပြူးသားဖြင့် ဘေးပတ်ဝန်းကျင်တွေကိုလှည့်ကြည့်မိသည်။ငါဘယ်တွေရောက်နေတာလဲ?
အိပ်မက်များလားမသေချာ။ဇွဲဇွဲရဲ့အိမ်ခန်းကျယ်ဟာ ဝါးတဲအိမ်လေးအသွင်ပြောင်းသွားသည်။
မွေ့ယာကြီးဟာလည်း ဝါးကုတင်အသွင်ပြောင်းပြန်သည်။
ဒါ့အပြင် ဝါးတဲအိမ်လေးရဲ့အပြင်ဘက်မှာလည်းဇွဲဇွဲနားမလည်တဲ့စကားသံတွေကဆူညံညံ။
ဘေးသီကိုသေချာကြည့်လေအိပ်မက်မဟုတ်မှန်းသေချာလေသောအခါ ဇွဲဇွဲ ထိုင်နေရာမှ ချက်ချင်းထပြီး ဝါးတံခါးအားပြေးဖွင့်လိုက်သည်။
မြင်လိုက်ရသည့်မြင်ကွင်း
အနက်ရောင် Uniform ကိုယ်စီနဲ့လူတွေဟာ ခါးတွေရော လက်တွေမှာပါ လက်နက်အစုံရှိနေသည်။တော်တော်များများဟာ ရှည်ရှည်နဲ့တောင့်တောင့်တင်းတင်းတွေဖြစ်ပြီးအသားလည်းဖြူကြသည်။
ဒါ သေချာတယ် ဇွဲဇွဲ တောရွာလေးလိုနေရာတွေကိုရောက်နေတာပဲ။
တိုက်မရှိ ကားမရှိ မီးမရှိနဲ့ခြောက်ကပ်နေသောနေရာမျိုးပင်။
ညကအဖြစ်ပျက်ကိုသေချာပြန်စဥ်းစားပြည့်လိုက်သောအခါ
ဟုတ်သား။ညကငါအဖမ်းခံလိုက်ရတာပဲ။
ပြန်၍မှိတ်မိလိုက်သည့်အခိုက်တန့်ဝါးတံခါးကိုအားပါပါဆွဲဖွင့်လိုက်သည်။
တံခါးဖွင့်သံကြောင့်ရပ်၍စကားပြောနေကြသည့် အနက်ရောင် Uniform နဲ့လူတွေဟာ ဇွဲဇွဲ ကိုမမြင်ဖူးသည့်ဟန် ကြောင်ကြည့်လေသည်။
YOU ARE READING
Never Ending ( Complete)