Part 27

6.1K 584 43
                                    

Part 27
.
"Daddy ဆီကအကုန်ကြားပြီးပြီ မင်း
ကြောင့်မဟုတ်ရင် ငါ စီ ကိုပြန်တွေ့ခွင့်ရမှာမဟုတ်ဘူး များစွာကျေးဇူးတင်သောပဲ''

"ရပါတယ် ဒါကနောင့်အပေါ်ထားတဲ့ငါရဲ့အချစ်ပဲ''

သူ့အားကျေးဇူးတင်ကြောင်းပြောလာသောZeedကို ဇွဲသက်တန့် က ရသည်ဆိုဟန် ပြုံးပြီး ခေါင်းညိတ်ပြသည်။

နောင်နှင့်Zeed( ဝီနှင့်စီ )ရဲ့ပထမဆုံးပြန်လည်ဆုံတွေ့သည့်နေ့ရက်မို့ သူတို့
တပျော်တပါးစားသောက်ကြသည်။

ညအချိန်တွင် စခန်းအလယ်တည့်တည့်၌
ထင်းမီးဖိုအကြီးကြီးလုပ်ပြီး ကြိမ်ကုလားထိုင်များဖြင့် ဝိုင်းဖွဲ့ကာထိုင်၍ စကားပြောကြသည်။

တပ်သားတွေက ပြောစရာမလိုအောင်
စခန်းပတ်ပတ်လည်တစ်လျှောက်ကင်း
လှည့်လေသည်။

ထင်းမီးဖိုကြီးရဲ့တစ်ဖက်တွင် ဗိုလ်လင်း ၊တာပေါ ၊ လင်းကစ်နှင့် ဘောစေးနောင် ပါးရှိသည်။ကျန်တစ်ဖက်တွင်ဘောစေးနောင်၊ဇွဲသက်တန့်၊ Zeedနှင့် Soloတို့ရှိသည်။

တစ်ဖက်ကိုလေးယောက်ဖြင့်နှစ်ဖက်အနေအထားက မျက်နှာချ​င်းဆိုင်ဖြစ်သည်။

အရက်ဘီယာတွေသောက်သုံးခွင့်မရှိသည့်နေရာဒေသမို့ Colaတွေနဲ့သာ အစားထိုးရသည်။

နောင်က အရက်ကိုဆေးလိုသဘောထားပြီးသောက်နေကျအကျင့်ရှိလို့အရက်တွေ
ဆောင်ထားတတ်ပေမယ့် ဇွဲသက်တန့် ရောက်လာပြီးနောက်ပိုင်း လုံးဝဆောင်
မထားတော့။

ဇွဲသက်တန့်ပေးမည့် အန္တရာယ်ကိုစိုးရိမ်လို့
မသောက်တော့တာကလည်းသူ့အတွက်
ပိုအဆင်ပြေသားပင်။

ဇွဲသက်တန့်က Colaတစ်ငုံမော့သောက်ပြီး
နောင် နံဘေးက Zeedကိုလှမ်း၍ကြည့်သည်။

တိတ်ဆိတ်နေသောပတ်ဝန်းကျင်ကိုဖြိုဖို့အတွက် ဇွဲသက်တန့် က ဘောစေးနောင် ကိုမှီချပြီး Zeedကို မေးထောက်ကာ ကြည့်နေသည်။

"Zeed မင်းရည်းစားရှိလား''

ဇွဲသက်တန့် မေးခွန်းက Zeedကို ပြုံးစေသလိုအတွေးလည်းများစေသည်။
Zeedအနေနဲ့တော့ ရည်းစားမရှိတာအမှန်ပင်။ သို့ပေမယ့် ဇွဲသက်တန့် မယုံမှာဘဲ
သူစိုးရိမ်သည်။

Never Ending ( Complete) Where stories live. Discover now