Part 16
Unicode & Zawgyi
.
.
.
"လမ်းမှာအစစအရာရာဂရုစိုက်သားလေး''"ဟုတ် Daddy ''
ဒီနေ့ဟာဇွဲသက်တန့် မြို့ကိုပြန်ရောက်တာ
တစ်ပတ်ပြည့်သည့်နေ့ဖြစ်သည်။ပေးထားသည့်ကတိအတိုင်းနောင်ဆီပြန်ဖို့
ပြင်ဆင်ပြီးပြီဖြစ်လေသည်။အိမ်ကမထွက်ခင် Daddy နဲ့ ပါပါးကို
ပွေ့ဖက်နှုတ်ဆက်ဖြစ်သည်။ပါပါးနဲ့Daddyကလည်း ဇွဲဇွဲ ကို နားလည်မှုများစွာပေးသည်။
ပြီးသည့်အခါ အိမ်တော်ကြီးမှ ထွက်ခွာပြီး
မြို့စွန်ကိုမြန်မြန်ရောက်ဖို့ရာ ကားကို
မြန်မြန်နှင့်မောင်းနှင်တော့သည်။မနက်ခင်းအချိန်မို့လမ်းကရှင်းပြီးပို၍အရောက်မြန်စေသည်။
မြို့စွန်ကိုရောက်ချိန် မြို့ထွက်ပေါက်၏အပြင်၌ တန်းစီကာရပ်နေသော ကုန်တင်ကားဆယ်စီး။
ဆယ်စီးလုံးကို အနက်ရောင်ပတ္တူနဲ့ပတ်
ထားတာကြောင့်အထဲက ကုန်းပစ္စည်းတွေကိုမည်သူမှမြင်နိုင်မှာမဟုတ်ချေ။ဇွဲသက်တန့် ၏ကားသည် ထိုကုန်တင်ကားတွေအားလုံးရှေ့ထိုးရပ်သွားသည်နှင့်
တစ်ပြိုက်နက် အရှေ့ဆုံးကားက
ကားဒရိုင်ဘာက ချက်ချင်းပြေးဆင်းလာသည်။ဇွဲသက်တန့် သည် ကားပေါ်ကမဆင်းဘဲ
ကားမှန်အားချရုံသာချပြီး သူ့အနားရပ်လာသော လူကို မေးခွန်းစလေသည်။"ဘယ်လိုလဲ အခြေနေ''
"အဆင်ပြေတယ် သူဋ္ဌေး''
"ဟုတ်ပြီ မှာထားတာရော''
"ဒီမှာပါဗျ''
ဇွဲသက်တန့် လက်ထဲရောက်လာသည့် အရာသည် အနက်ရောင်လေးထောင့်အိတ်ကြီးဖြစ်လေသည်။
အိတ်တွင်ခတ်ထားသောသော့အားဖွင့်လိုက်သည့်အခါ ဇွဲသက်တန့် ၏မျက်နှာသည် အဓိပ္ပါယ်ဖော်ရခက်သော အပြုံးတစ်ခုပေါ်လာသည်။
အိတ်ထဲကအရာသည် အနက်ရောင်ဝင်းလက်နေသည့် Pistol သေနတ်တစ်လက်သာဖြစ်လေသည်။
အိတ်ထဲတွင်သေနတ်၏ရွှေရောင်ကျည်ဆန်ကလည်းအတောင့် သုံးရာ
နီးပါးပါသည်။
YOU ARE READING
Never Ending ( Complete)