Part 6

9K 653 36
                                    

Part 6

Unicode & Zawgyi
.
.
.
နေ့တစ်နေ့၏ညနေအချိန် တစ်နည်းအား
ဖြင့် နေမင်းကြီးက အနောက်ရပ်ဘက်သို့တဖြည်းဖြည်းရွေ့လျားသွားသောအချိန်ဖြစ်သည်။

ညနေလေးခွဲနဲ့ငါးကြားမို့ လေရူးတွေမတော်မတရားတိုက်ခတ်ကာနေသည်။

သစ်ပင်သစ်ရွက်တွေများစွာလှုပ်ခတ်သလို မြေပြင်ပေါ်သို့များစွာလည်းကြွေကျသည်။

တောင်တန်းအောက် တောတစ်ခုထဲက
စခန်းဟာ ဆိုရင်ဖြင့် လေရူးတွေမတရားတိုက်ခတ်လေ သူကသဘောကျလေဖြစ်ပေသည်။

ထူထပ်ပြီးလေမတိုးနိုင်သည့် Uniform ကိုတစ်နေကုန်ဝတ်ထားနေရတော့ လူကချွေးစို့နေရုံမက စိတ်ကပါ အိုက်နေလေသည်။

ဒါ့ကြောင့် ဒီလိုလေရူးတွေမတရားသွေး
လာသည့်အချိန်ဆို တချို့တပ်သားတွေက
လေလာရာဘက်ရပ်နေတတ်သည်။

တချို့ကား စခန်းရှိသစ်ပင်တွေပေါ်ထိုင်နေတတ်ပြီး တချို့ကာ  ချောင်းနံဘေး၌
ရပ်နေတတ်ပြန်သည်။

စခန်း၏အဓိကခေါင်းဆောင်ဖြစ်သည့်
ဘောစေးနောင်သည် ယခုလိုညနေအချိန်လေးတွေမှာဆို ငှက်ပျောတောအထက်ကတောင်ကုန်းကြီးပေါ် အမြဲသွားကာ
တစ်ကိုယ်လုံး ပေါ့ပါးသွားအောင် လေခံလေ့ရှိသည်။

ခါတိုင်းတစ်ယောက်တည်းသာသွားတတ်ပြီး ယနေ့မှာတော့ ဇွဲသက်တန့် ကပါ သူနဲ့အတူ လိုက်ပါလာလေသည်။

"နောင် မင်းငါ့အိမ်ကိုဘယ်လိုပါးစပ်ပိတ်လိုက်တာလဲ ငါ့ကိုလိုက်မရှာအောင်''

ဇွဲသက်တန့် ကမေးလာတော့
ဘောစေးနောင်သည်သူ့ခါးပတ်က သေနတ်တိုကိုဆွဲထုတ်လေသည်။

သေနတ်တိုထည့်ထားရာခါးပတ်ကနေရာမှာ ဖုန်းကအမြဲရှိနေသည်။

သို့သော် သေနတ်နဲ့ဖုံးထားတာကြောင့်
ဇွဲသက်တန့် ဘယ်တုန်းကမှ မသိခဲ့ခြင်းဖြစ်သည်။

"မင်းသိချင်တဲ့အဖြေကိုဖုန်းကပေးလိမ့်မယ်''

ဇွဲသက်တန့် သည်ဘောစေးနောင်ပေးလာသောဖုန်းကိုချက်ချင်းယူသည်။နောက်
ဖုန်းထဲက Daddy နဲ့အပြန်အလှန်ပေးပို့ထားတဲ့မက်ဆေ့တွေကိုကြည့်လေ
ဇွဲသက်တန့် အံ့သြလို့မဆုံးလေဖြစ်သည်။

Never Ending ( Complete) Where stories live. Discover now