Part 23

6.1K 487 13
                                    

Part 23
.
ထိုနေ့ ညနေ ညစာ စားပြီးသည့်အခါ သူဘောစေးနောင်နှင့်အတူ ဆေးကုသဆောင်ဘက်လိုက်သွားလေ၏။

ညနေငါးနာရီလောက်သာရှိနေသေးတာကြောင့် အလင်းရောင်တို့ရှိနေသေးပြီး
အေးဆေးသွားလာနိုင်သေးသည်။

သို့သော် ဆေးကုသဆောင်ထဲဝင်ချိန်မှာတော့ နည်းနည်းမှောင်သလိုဖြစ်နေပြီး
မီးလုံးတွေကိုလည်းထွန်းထားကြ၏။

ဒဏ်ရာရသူတွေကိုလိုက်လံကြည့်ရှူရင်း
တာပေါနှင့် ဗိုလ်လင်း ကုတင်နားရောက်တော့ မျက်မှောင်ကြုတ်ထားသော
လင်းကစ်အကြည့်နဲ့ဆုံသွားသည်။

အကြည့်ကခက်ထန်ထန်နှင့်သူ့အစ်ကိုနားအလွန်ကပ်နေသော ကိုယ့်ကို သဘော
မကျသည့်ဟန်။

အရင်ကဒီလိုမဟုတ်။ ဒဏ်ရာနှင့်လျှောက်သွားနေသော နောင်ကို စိတ်ဆိုးနေရာမှ
ကိုယ့်ကိုပါ စိတ်ဆိုးသွားပုံပေါ်၏။

ဗိုလ်လင်း အနားသေနတ်ပိုက်ကာထိုင်ရင်း မုန့်တွေကိုပါးစပ်ထဲအတင်းသွင်းနေရဲ့။

ဝယ်လာတဲ့မုန့်ကိုကျစားပြီး လူကိုကျ
စောင်းကြည့်နေလိုက်တာများ အမြင်ကပ်စရာအတိ။

ဇွဲသက်တန့် ကိုတော့ ဒီလိုလာလုပ်လို့ရမည်လား

"ဝေ့ လင်းကစ် မင်းငါ့ကိုဘယ်လိုတောင်ကြည့်နေတာလဲ ငါဝယ်လာတဲ့မုန့်ကိုကျစားပြီးတော့''

ခါးကိုထောက်လို့အကျပ်ရိုက်သွားအောင်
ကြွားဝါး၍ပြောသည့်အခါ လင်းကစ်က
မုန့်ဝါးနေခြင်းကိုရပ်တန့်လိုက်၏။

မှတ်ပြီလားဆိုသည့်ဟန် မျက်ခုံးပင့်ပြ
သည့်အခါ လင်းကစ်က မျက်ဖြူလှန်ပြီး
လက်ထဲကမုန့်ထုပ်ကိုပါးစပ်ထဲအကုန်သွင်းလေ၏။

"ခေါင်းဆောင်ပိုက်ဆံနဲ့ဝယ်ထားတာမသိဘူးများမှတ်နေလား အရှက်ကိုမရှိဘူး''

"ဘာ! မသာလေး''

ပြောနေပုံကရိုက်သတ်ချင်စရာမို့
ဇွဲသက်တန့်အံကြိတ်ရင်း လင်းကစ်အားထုဖို့ လက်ရွယ်၏။

သို့သော် ဗိုလ်လင်း က လျင်မြန်စွာ
လင်းကစ်အားဆွဲ၍ တစ်ကိုယ်လုံးနဲ့ကာပေးလိုက်တာများ ဇွဲသက်တန့် ၏လက်က
လေထဲ၌သာရပ်တန့်သွားရသည်။

Never Ending ( Complete) Where stories live. Discover now