Part 39

6K 418 3
                                    

Part 39
.
"ဘယ်တော့လက်ထပ်ဖို့စီစဥ်ထားလဲ''

နေ့တစ်နေ့ နေ့လယ်ခင်းလောက်တွင် ပါးအလောတကြီးနဲ့ရောက်ချလာသည်။
ဒီတလောအဖွဲ့အစည်းထဲမှာ အလုပ်တွေအတော်ရှုပ်နေပုံပဲ။ အလောတကြီးရောက်လာပြီးအလောတကြီးပြန်ထွ​က်သွားမည့်ပုံပင်။ လောခြင်းကြောင့်လိုရင်းတိုရှင်းတွေသာမေးသည်။ လက်ထပ်ဖို့အကြောင်းမေးတော့ နောင် ဇွဲသက်တန့် ကို ယဲ့ယဲ့ပြုံးရင်းကြည့်လိုက်သည်။
အကြည့်ချင်းဆုံသွားခိုက် အပြုံးတွေက
သွားဖြူဖြူလေးတွေအစီအရီပေါ်သည်အထိ။

ဦးလေးရော Zeedပါမိမိတို့အဖြေကိုစောင့်နေပုံပေါ်တော့ နောင် ဇွဲသက်တန့် လက်တစ်ဖက်ကိုဆွဲကိုင်ပြီး မျက်လုံးမှိတ်ကာ
နမ်းရှိုက်လိုက်သည်။  ပါးတို့ရှိနေပေမယ့်
မဆင်ခြင်မိ။ မိမိရဲ့အချစ်ကို လူတွေရှေ့ထုတ်ပြရတာ အရမ်းကိုဂုဏ်ယူမိသည်။
ယောက်ျားလေးဖြစ်နေပေမယ့်ပေါ့။

"သားတို့ကငယ်သေးတယ် လက်ထပ်တာကဘယ်အချိန်မဆိုလက်ထပ်လို့ရတယ်
အသက်နှစ်ဆယ့်ငါးပြည့်ပြီးနောက်ပိုင်းမှလက်ထပ်ဖြစ်ဖို့များတယ်''

"ဟုတ်တယ် ကျွန်တော်တို့အခုချိန်ပိုက်ဆံရှာထားမယ် စုထားမယ် ရည်မှန်းချက်တွေပြည့်တဲ့နေ့ လက်ထပ်ဖြစ်မယ် ဒီကြားထဲ ပြတ်မှာတွေဘာတွေ မစိုးရိမ်ပါနဲ့ ကျွန်တော်တို့စိတ်ကိုကျွန်တော်တို့အသိဆုံး
ကျွန်တော်တို့အချစ်ကိုကျွန်တော်တို့အလေးထားဆုံးမို့''

ပါးကိုပြောနေတာဖြစ်ပေမယ့် အကြည့်ကပါးဆီရောက်မနေ။ နှစ်ယောက်သား
အကြည့်ဆုံပြီး ကြည်နူးစွာပြုံးနေမိ၏။
အမှန်တကယ်ဆိုလက်ထပ်တယ်ဆိုတာ
ဘယ်အချိန်ဖြစ်ဖြစ်လုပ်လို့ရတာပဲ။
စည်စည်ကားကားကြီးကျင်းပဖို့လည်းမလိုသည့်ပွဲ။ တစ်ဦးကိုတစ်ဦးပိုင်ဆိုင်တဲ့အကြောင်း တရားဝင်လက်မှတ်ရှိဖို့လည်းမလို။ ကမ္ဘာဦးစကလူသားတွေတောင်
လက်ထပ်ပွဲတွေဘာတွေမလုပ်ဘဲ သူတို့အချစ်က ခိုင်မြဲနေတာပဲ။ အဓိကအလိုအပ်ဆုံးအရာကား အချစ် ၊ အချစ်တွေလျှော့မသွားဖို့နဲ့ သစ္စာရှိနေဖို့ပါပဲ။

"သဘောပဲလေ ကိုယ့်စိတ်ကိုယ်ယုံရင်ပြီးတာပဲ''

ဘေးလူတွေကမိမိတို့ပြတ်မှာစိုးရိမ်နေကြပုံ။ သို့​သော် မိမိတို့ကကိုယ့်စိတ်ကိုယ်ယုံပြီးသားမို့ တစ်စုံတစ်ရာတွေးပူရတာမျိုးလုံးဝမရှိ။ ရံဖန်ရံခါ ရန်ဖြစ်စကားများတာတို့ရှိပေမယ့် ဒါသက်သက်အချစ်စမ်းခြင်းပင်။

Never Ending ( Complete) Where stories live. Discover now