Part 37
.
"လင်းကစ် သူ ဒီမှာပိုပျော်နေသလိုပဲ''အပေါ်ထပ်ဒုတိယထပ်၏ဝရန်တာတန်းတွင်လက်ထောက်ပြီးနှစ်ယောက်သားအောက်ထပ်တွင်ရှိနေသော လင်းကစ်ကိုအကဲစမ်းဖြစ်သည်။ Zeedက ဘောင်းဘီအိတ်ထဲလက်နှစ်ဖက်လျှိုရင်းဖြင့် Soloအနားရပ်နေသည်။ နှစ်ယောက်လုံးရဲ့အကြည့်တွေကား မြေညီထပ်တွင်စိတ်ကြိုက်စကိတ်စီးနေသော လင်းကစ်ဆီသာရှိသည်။ လင်းကစ်ရောက်လာပြီးနောက် မြေညီထပ်ကိုရှင်းပြီးအလွတ်ကြီးသာထားရှိတော့သည်။ လင်းကစ်လွတ်လွတ်လပ်လပ်ကစား၍ရအောင်ပြင်ပေးလိုက်ခြင်းဖြစ်ပြီး အဖွဲ့သားတွေကိုတော့ အတွင်းနေရာနှင့်နောက်ဖေးနေရာလွတ်တွေဆီ နေရာရွေ့ပေးလိုက်သည်။
လင်းကစ်ဒီနေရာကိုရောက်လာတာငါးရက်ပြည့်ပြီဖြစ်သည်။ စရောက်သည့်နေ့ကတည်းက ပျော်မြူးနေတဲ့အကြောင်း
အငယ်တွေထံမှZeedကြားရတော့ကျေနပ်သည်။ လင်းကစ်မှာဆွေမျိုးသား
ချင်းရယ်တစ်ဦးတလေမှမရှိပေမယ့် ချစ်မွှေးပါတဲ့သူမို့ မြင်သူတိုင်းကချစ်သည်။
အေးရာအေးကြောင်းနေတတ်ပေမယ့်
မထင်ရင်မထင်သလိုရန်လုပ်တတ်သည်။
အပေါ်ဆုံးထပ် Zeedအိပ်ခန်းဘေးကစတူဒီယိုအခန်းကို လင်းကစ်အတွက်အိပ်ခန်းအဖြစ်ပြင်ဆင်ပေးလိုက်သည်။အားလုံးထဲအသက်အငယ်ဆုံးဖြစ်တဲ့အပြင် ဘာဖြစ်ကြောင်းညာဖြစ်ကြောင်း
ဖျားရင်တောင်ဖျားတဲ့အကြောင်းမပြောတဲ့ကလေးမို့ Zeed တမင်သက်သက်သူနဲ့အနီးဆုံးနေရာတွင်နေစေချင်ခြင်းဖြစ်သည်။ အပေါ်ဆုံးထပ်မှာနေရတော့
မနက်မိုးလင်းအိပ်ရာကနိုးရင် လှေကားကမဟုတ်ဘဲ အလယ်တည့်တည့်တွင်ရှိနေသောတစ်ပွေ့စာရှိသည့်တိုင်ကိုဖက်ပြီး
အောက်ကိုလျှောဆင်းသည်။ လှေကား
လုံးဝမသုံးတဲ့ကလေးပင်။ ပြန်တက်
သည့်အချိန်များဆိုတောင်တက်သလိုမျိုး
ကြိုးနဲ့ပြန်တက်သည်။သေနတ်ပစ်လည်းကျွမ်းကျင်သည့်ကလေး ၊ တိုက်ပွဲလည်းမကြောက်တဲ့ကလေး၊ ဘာဆိုဘာမှကိုမကြောက်တဲ့ကလေးမို့ Gang သားတွေကစရင်ပြန်ပြီး
လုံးတတ်သည်။ အငယ်ဆုံးဆိုပေမယ့်လက်ရုံးရည်ဘက်မှာJohnထက်ပိုတော်သည်။ တခြားဘက်တွေကိုစိတ်
မဝင်စားတဲ့ကလေးမို့အရည်အချင်းဘယ်လောက်ရှိလဲZeedတို့သိခွင့်မရချေ။
ဖိအားပေးရင်လုံးဝမကြိုက်တဲ့ကလေးမို့
Zeedဘာတစ်ခွန်းမှမပြောဘဲ သူ့စိတ်ကြိုက်သာနေခွင့်ပေးလိုက်သည်။
YOU ARE READING
Never Ending ( Complete)