Part 19
.
.
"နောင်!!!''တိုက်ပဲဲဖြစ်ပွားသည့်နေရာရောက်သည်နှင့်ကားပေါ်ကဆင်းပြီး ရူးမိုက်စွာ အော်နေသောသူ။
ထူးသံမရှိတဲ့တောအုပ်ကြီးက သွေးနံ့တွေနဲ့ခြောက်ကပ်ကပ်။
လူသေအလောင်းတွေကို ခဏခဏတက်နင်းမိသော်လည်း သူကကြောက်ရကောင်းမှန်းမသိပင်။
ချစ်တဲ့သူကိုသာအော်ခေါ်ရင်း သူသည်
တောနက်အတွင်းထဲပိုပိုပြီးတိုးဝင်လေသည်။ညအခါမို့ တိရိစ္ဆာန်လေးတွေရဲ့မျက်လုံးအစိမ်းတွေ အနီတွေအပြာတွေရောင်အမှောင်ကြားမှ စိတ်ချောက်ချားဖွယ်ပေါ်လာသည်။
သစ်ပင်တွေသစ်ကိုင်းတွေကလည်း သရဲလိုလိုနဲ့အမြင်မှားအောင် လုပ်တတ်သေးသည်။
သို့ပေမဲ့ ဒီအရာတွေကသူ့အာရုံကိုမဖမ်းစားနိုင်ချေ။
သူ့အာရုံထဲတွင် နောင် တစ်ယောက်တည်းသာရှိပေသည်။
"နောင်! ငါခေါ်နေတယ်!''
ခြေနှစ်လှမ်းလျှောက်လေ သူ့အော်သံကပိုကျယ်လာလေဖြစ်သည်။
ထူးသံမကြားရသော်လည်း သူကစိတ်ဓာတ်မကျချေ။
လူသေအလောင်းတစ်လောင်းတက်နင်းမိတိုင်း ဖုန်းမီးထိုးပြီးကြည့်မိသည်။
နောင် မဟုတ်တာတွေ့တိုင်း သူ့စိတ်ကပိုပြီးရောင်ခြည်သမ်းလာလေပဲ။
ပြေးလာတုန်းက ဘောင်းဘီအိတ်ကပ်ထဲဖုန်းပါလာတာ ကံကောင်းတယ်လို့သာဆိုရမည်။
တစ်နေရာအရောက်တွင် ယမ်းမှုန့်နံ့က
နှာခေါင်းထဲတိုးဝင်လာသည်။ဒါတပ်သားပြောတဲ့ ဗုံးကျသွားတဲ့နေရာဖြစ်မည်။
သစ်ကိုင်းသစ်ရွက်တွေက ပြာဖြစ်သွားထားသလို မြေကြီးကနည်းနည်းချိုင့်သွားသည်။
ယမ်းမှုန့်နံ့များရှိနေသေးသောနေရာတွင်ရပ်ရင်း ဇွဲသက်တန့် သည် ဖုန်းအားထုတ်ပြီး မီးဖွင့်ကာ ပတ်ဝန်ကျင်းတစ်ခုလုံးကိုနေရာအနှံ့လျှောက်ကြည့်သည်။
ချုံပုတ်တွေကြားပါမကျန်လိုက်ကြည့်တာကြောင့် လက်ပြတ်ခြေပြတ်တွေကိုလည်း
ရူးချင်စရာကောင်းအောင်တွေ့ရသည်။
YOU ARE READING
Never Ending ( Complete)