Unicode Ver
နောင်မွေးရပ်မြေမှာအချိန်တွေအတူကုန်ဆုံးရင်း အသစ် သစ်သောပျော်ရွှင်မှုတွေကို သူ အေးချမ်းစွာပဲ ခံစားရသည်။
နောင်က တစ်နေ့တစ်နေ့မရိုးရအောင်
မပျင်းရအောင်ထားပေးသည်။ဆင်ကလေးတွေနဲ့ပျော်ကစားပြီး မျိုးစုံသောသီးခြံတွေထဲနှစ်ယောက်အတူတူ စက်ဘီးစီးရင်း ပျော်ရွှင်ခဲ့သည်။
အစားအသောက်ဆိုတာကလည်းနောင်ကိုင်တိုင်ချက်ကျွေးတော့ပိုပြီးအရသာရှိနေသလိုပင်။ နောင်အမျိုးတွေ သူနဲ့နောင်ဆီမလာပေမယ့် ဗိုလ်လင်းတို့မိသားစုက
ခဏခဏလာ၏။ ကြည့်ရတာ မိိမိနဲ့နောင် စိတ်အားငယ်နေမှာစိုးလို့ထင်ရဲ့။မိမိကဘာမှမဖြစ်ပေမယ့် နောင်ကိုတော့သနားမိသည်။ သူ့အမျိုးတွေကရှောင်ဖယ်ရုံတင်မက သူတို့ကလေး နောင်အိမ်ရှေ့ရောက်လာရင်တောင် သဲကြီးမဲကြီးအော်ခေါ်နေတတ်သေးသည်။
ရံဖန်ရံခါ နောင် သူ့အမျိုးတွေကို မသိမသာကြည့်နေမှာပဲတွေးမိပေမယ့်
နောင်က သူတို့ထက်ပိုချေ၏။ မိမိမျက်နှာကိုသာအမြဲတစိမ့်စိမ့်ကြည့်နေတတ်တာကိုပျော်ရင်းထပ်ပျော်မိရသည်။နောင်မွေးရပ်မြေတွင်ပျော်ရွှင်ခဲ့တာ ဒီနေ့နဲ့ဆိုခုနစ်ရက်မြောက်ဖြစ်နေပြီဖြစ်သည်။
ဒီနေ့ညနေ Zeedဆီကိုသွားမယ်ပြောတာပဲ။ ညနေမှခရီးစမယ်ဆိုရင်တော့ Bangkok ကိုလူတိတ်ချိန် လူတွေအိပ်စက်ကုန်ကြချိန်မှ ရောက်မည့်ကိန်းရှိသည်။
ဘာပဲဖြစ်ဖြစ် မိမိနံဘေးနောင်ရှိနေရင်
အရာရာအဆင်ပြေပြီးသားပဲ။"ဇွဲ လာ''
"ဘယ်ကိုလဲ ''
အပြင်မှလှမ်းခေါ်သူကို ပြန်မေးလိုက်သေးပေမယ့် ဇွဲသက်တန့် တစ်ကိုယ်လုံးက နောင်ဆီပြေးရောက်လာပြီဖြစ်သည်။
လက်ထဲတွင်စားစရာကအပြည့်။ ငှက်ပျောသီးစိမ်းကိုမီးကင်းစားချင်တယ်တဲ့။ သဘောအတိုင်း နောင် ငှက်ပျောသီးစိမ်းဆယ်လုံးတိတိကိုကင်ပေးလိုက်သည်။
ကိုင်ရလွယ်အောင်တုတ်ထိုးပြီးကင်ပေးခြင်းဖြစ်၏။"မေးနေတယ် ဘယ်ကိုလဲလို့''
လက်နှစ်ဖက်လုံးစားစရာအပြည့်နဲ့မို့
နောင် ပြုံးပြုံးလေးဖြစ်သွား၏။ ကျန်တာပေးရင်မယူတတ်သည့်ဇွဲသက်တန့်က
အစားအသောက်ဆိုရင်တော့လာထားပဲ။
အဖြူရောင်တီရှပ်ပွပွကိုအနက်ရောင်ဒူးအတိဘောင်းဘီတိုနဲ့တွဲဖက်ဝတ်ဆင်ထားပုံကြောင့် ကလေးလေးတစ်ယောက်လိုချစ်စရာကောင်းဖွယ်အတိ။ ဘောင်းဘီက အိတ်နှစ်ဖက်နဲ့ဖြစ်ပြီး ဘေးစပ်နေရာတွင်
အဖြူရောင်အစင်းနှစ်ခုရှိ၏။
ESTÁS LEYENDO
Never Ending ( Complete)