s3(7)

2.5K 197 3
                                    

7

Unicode
.

Chally သူLordနဲ့များစွာရင်းနှီးလာလေသည်။ ထမင်းအတူတူစားရင်းစကားပြောဖြစ်ကြသလို ညအိပ်ရာဝင်လို့အိပ်မပျော်ရင်လည်း နှစ်ယောက်အတူစကားပြောဖြစ်ပြန်သည်။

မနက်နိုးထလာရင်လည်း နှစ်ယောက်မျက်နှာချင်းဆိုင်ပြီးနှုတ်ဆက်ဖြစ်ကြသည်။

ပိုပိုပြီးရင်းနှီးလာသောအခါ ရက်တိုင်းဖြစ်ပျက်သမျှ ကောင်း၏ဆိုး၏ ကိုလည်း
တစ်ယောက်နှင့်တစ်ယောက် မျှဝေတတ်လာလေပြီ။

သို့သော် ရေခဲရိုက်ထားသည့်အသားတုံးထက်ပိုအေးစက်တတ်သည့် Lordသည်ကား သူနဲ့စကားပြောပါသော်လည်း အပြုံးအရယ်ကခပ်ရှားရှား။

ရံဖန်ရံခါ နှုတ်ခမ်းတွန့်ကာပြုံးတတ်လာမှုကြောင့် Challyမှာ ငေးကနဲ ဖြစ်ခဲ့ရဖူးသည်။

Lordအပြုံးကမြင်ရခဲသည့်အခါ Chally
အဖို့ တစ်ခါမြင်ဖူးပြီးနောက် အာရုံထဲပဲ
မြင် မြင်ယောင်လာတတ်သည်။

"ကိုယ့်ကိုဓားပစ်သင်ပေးမယ်မလား Lord''

"အင်း''

ကျောင်းပိတ်ရက်များတွင် ကျောင်းသားများအတွက် ရေကူးချိန် တိုက်ခိုက်ရေးအချိန် လက်ရည်စမ်းသည့်အချိန်တို့ရှိသည်။

သို့နှင့် Lordက ကျောင်းသားများအား လက်ရည်တက်အောင်သင်ပေးသည့်ဆရာတွေထက် ပိုပြီး အရည်အချင်းပြည့်စုံနေသည့်အခါ ကျောင်းကသူ့ကိုအေးဆေးစွာပဲနေခွင့်ပေးသည်။

လက်ရည်ပိုပိုတိုးတက်လာအောင်တစ်ယောက်တည်းလေ့ကျင့်တတ်တဲ့Lord
အကြောင်း ဆရာတော်တော်များများကသိသောကြောင့်သာဖြစ်သည်။

ယနေ့တွင် Chally အချိန်ပါသော်လည်း
အချိန်က ပထမဆုံးမို့ သူတာဝန်ပြီးခဲ့ပြီဖြစ်သည်။

သို့ကြောင့် သူ့အား ဓားပစ်သင်ပေးမယ် ဆိုပြီးပြောခဲ့တဲ့ Lordနှင့် ကျောင်း၏
အနောက်က မြေပြင်ဆီကို Chally ဆင်းလာတော့၏။

သူဟာ တိုက်ခိုက်ရေးတော်ပါသော်ငြား
Lordလို စစ်မြေပြင်ထဲမရောက်ဖူးတာကြောင့် Lordနဲ့ယှဥ်ရင် သူ့အရည်အချင်းက မဖြစ်စလောက်လေးသာဖြစ်သည်။

Never Ending ( Complete) Where stories live. Discover now