s3

3.9K 304 21
                                    

3

3

Unicode

.

ညတုန်းက Aအဆောင်တွင်ဖြစ်သွားသည့်အဖြစ်ပျက်တစ်ခုဟာ The Last King ကျောင်းတော်တစ်ခွင် လျှမ်းလျှမ်းတောက်ကျော်ကြားနေလေသည်။ ကျောင်းသားခေါင်းဆောင် Lord
ကို ကျောင်းသားသစ်မှ မတော်တဆခလုတ်တိုက်ပြီးနမ်းလိုက်မိခြင်းအကြောင်းအရာပင်ဖြစ်သည်။ မနေ့ညကဖြစ်သွားသောအဖြစ်ပျက်သည်နေ့  အမှန်တကယ်ပင်ရုပ်ပျက်ဆင်းပျက်နိုင်ခဲ့ချေသည်။

ကျောင်းသားသစ် Jay က ခလုတ်တိုက်ပြီး
ကျောင်းသားခေါင်းဆောင် Lordကို မျက်နှာချင်းဆိုင်ဝင်တိုက်မိရာကနေ
နှစ်ယောက်လုံးကြမ်းပြင်ပေါ် လဲကျသွားသည်။ နှစ်ယောက်လုံးဖက်ရက်သားကနေ
နှုတ်ခမ်းချင်းကလည်းထိကပ်နေခဲ့သည်။
ထိုအဖြစ်ပျက်ကို Aအဆောင်မှကျောင်းသားတော်တော်များများမြင်ခဲ့သော်လည်း ခေါင်းဆောင်ဖြစ်သည့်
Chally ကမူ ဒီမနက်ရောက်မှသိသည်။
တစ်လက်စတည်း Chally က ညတုန်းက
မျက်နှာအခြေနေမကောင်းတဲ့ Lord ကို
ပြန်မြင်ယောင်လာလေသည်။
Lord အတော်ရှက်သွားမှာပဲ ဆိုပြီးတော့လည်းသူတွေးမိ၏။

ညကတည်းကမျက်နှာတင်းမာနေခဲ့တဲ့
Lordသည်ကား သည်မနက်လည်း မျက်နှာတင်းမာနေဆဲဖြစ်သည်။ သူက Aအဆောင်ကကျောင်းသားတွေရဲ့ထမင်းစားခန်းထဲကို ခက်ထန်နေသောမျက်နှာထားနှင့်ဝင်လာပြီးဘယ်သူ့ကိုမှလှည့်မကြည့်ချေ။
ကျောင်းသားသစ် Jay သည်ကား
Lord သူ့ကိုစိတ်ဆိုးနေတုန်းအထင်နှင့်
ထမင်းစားမယ်လုပ်ရာကနေထပြီး စားဖိုမှူးတွေနဲ့စကားပြောနေသည့် Lord ဆီ ဦးတည်သွားလေသည်။

"ဟို''

Jay မရဲတရဲခေါ်လိုက်ချိန် Lord ကဆတ်ခနဲလှည့်ကြည့်လာသည်။ မျက်နှာကလည်းပုပ်သိုးနေတော့ Jay သက်ပြင်းမောချမိတော့သည်။ ညတုန်းကတောင်းပန်ပြီးနေပြီကို သူကဘယ်လိုတွေဖြစ်။ Jay
ကလည်း နဂိုကတည်းက ခြေမြန်ပါးစပ်မြန်မို့ ခံမပြောရမနေနိုင်၊ တရစပ်ပြောရမှကျေနပ်သည့်အမျိုး။ ဒါ့ကြောင့် မျက်နှာပုပ်နေသော ကျောင်းသားခေါင်းဆောင်ကို နှာရှုံ့ပြရင်း

"ဝေ့ ကျောင်းသားခေါင်းဆောင် အခုထိစိတ်ဆိုးနေတုန်းပဲလား ညကပြောပြီးပြီလေ မတော်တဆပါလို့ ကျွန်တော်က
ရင်သားကြီးကြီး တင်ကြီးကြီးမမတွေပဲကြိုက်တာပါဆို''

Never Ending ( Complete) Where stories live. Discover now