s3

6.3K 405 45
                                    

1

Unicode
.

ထီပေါက်တာထက်များစွာပိုသ​ည့်ကံကောင်းမှုကြောင့် Zeed တို့သည်
၎င်းတို့၏အငယ်ဆုံးညီလေးအတွက်ကျောင်းဆောက်ချင်သည့်အိပ်မက်ဟာ တစ်လအတွင်းအမှန်တကယ်ဖြစ်လာခဲ့လေ၏။မနက်ဖြန်ကျောင်းစဖွင့်နိုင်တဲ့အထိ မိမိတို့၏ကံကောင်းမှုကိုကျေးဇူးတင်လို့မဆုံး။

ကျောင်းအတွက်ဆောက်လုပ်ပြီးသား
အဆောက်အအုံတွေကိုပြန်လည်ဝယ်ယူထားခြင်းဖြစ်ပြီး တည်နေရာကားမြို့အစွန်ဖြစ်၏။ နေရာကကျယ်ပြန့်သလို အဆောက်အအုံတွေဟာလည်းအသစ်တွေချည်းဖြစ်၏။ ဒီအဆောက်အအုံတွေကို
ဂျာမနီလုပ်ငန်းရှင်ကြီးထံမှသူလိုချင်သည့်စျေးအတိုင်းပေးပြီးပြန်လည်ဝယ်ယူခဲ့၏။
သူကား ဒီနိုင်ငံမှာစီးပွားရေးအတည်အကျဖြင့်အခြေချဖို့လုပ်ပြီးကာမှ အဆင်မပြေမှုတွေကြောင့် သူ့ရဲ့အဆောက်အအုံတွေနဲ့မြေကွက်တွေကိုပြန်လည်ရောင်းချခြင်းဖြစ်သည်။ Zeedကိုလည်း အသိတစ်ယောက်မှအကြောင်းကြားခဲ့ရာ ထိုနေ့မှာပဲ
Zeedထိုနေရာတွေကိုဝယ်ယူခဲ့ပေသည်။

Million ချီပေးရတာကြောင့်  Zeed အရင်က ဂိုဏ်းအတွက်သုံးသည့်အဆောက်အအုံတွေကိုလည်း အပြီးရောင်းချလိုက်၏။ သို့သော် Zeedသူ့လူတွေကိုတော့ စွန့်မပစ်ပါ။ ယခုဖွင့်တော့
မည့် ကျောင်း၏လုံခြုံရေးတွေအဖြစ် တာဝန်အသစ်ပေးအပ်ထားချေ၏။
ကျောင်းကိုဝယ်ယူရာတွင် ဇွဲသက်တန့်တို့ဘက်ကလည်းများစွာပါဝင်ကူညီသလို ပါးကလည်း ​ပါဝင်အားဖြည့်ပေးခဲ့သည်။

နေရာကတောင်ကုန်းမြင့်လိုဖြစ်ပြီး မြို့ကိုအပေါ်စီးမှလှမ်းမြင်နိုင်သည့်အနေအထားဖြစ်၏။ အဆောက်အအုံတွေအားလုံးကား
ငါးထပ်အုတ်အဖြူတွေချည်းဖြစ်သည်။အပေါ်စီးကကြည့်ရင်အဆောက်အုံက
အင်္ဂလိပ်အက္ခရာ (U) ပုံစံအတိုင်းရှိသည်။
ဘေးတစ်ဖက်တစ်ချက်တွင် ငါးထပ်အုတ်အဆောက်အအုံကြီးက သုံးခုစီရှိပြီး
(U)အတိုင်းအောက်ဘက်တွင် အကြီးဆုံးအဆောက်အအုံကြီးရှိရာ သူကလည်းငါးထပ်ဖြစ်၏။ အကြီးဆုံးအဆောက်အအုံကြီးသည် အကျယ်ဆုံးအဆောက်အအုံလည်းဖြစ်၏။

၎င်းတို့အားလုံး၏အလယ်တွင် အနီရောင်ကွင်းအကျယ်တစ်ခုရှိပြီးကလေးတွေဘောလုံးကစားချင်သော်လည်းကောင်း ၊ အပြစ်ဒဏ်အဖြစ်ကွင်းကိုပတ်ပြေး၍
သော်လည်းကောင်း ကွင်းက လေယာဥ်ဆင်းသက်နိုင်သည်အထိ ကျယ်ပြန့်တော့ အမျိုးမျိုးသုံး၍ရ၏။

Never Ending ( Complete) Where stories live. Discover now