Part 5
Unicode & Zawgyi
.
.
.
ဘောစေးနောင် အိပ်ရာက ဖျတ်ခနဲလန့်နိုးချိန်သည် စကားသံတွေဆူညံနေပြီဖြစ်သလို အလင်းရောင်ကလည်း ပတ်ဝန်းကျင်တစ်ခွင်ဖြာကျကာ မျက်စိကျိန်းလောက်စရာဖြစ်သည်။ခါတိုင်းအစောကြီးနိုးတတ်သော်လည်း
ညကဇွဲသက်တန့်ရဲ့ကျေးဇူးကြောင့် ဒီနေ့
အိပ်ရာထချိန်ဟာ အတော့်ကိုနောက်ကျသွားသည်။ထမယ်လုပ်ပေမယ့် ကိုယ်ပေါ်က
ဇွဲသက်တန့် က သိုးနေအောင်အိပ်နေတုန်းဖြစ်သည်။ပုခက်ထဲဖြစ်နေသောအခါ တွန်းလိုက်ရင်လည်းအောက်ကိုပြုတ်ကျမည်။
နိုးများလာမလား လှုပ်ကြည့်လိုက်သော်လည်း ဇွဲသက်တန့် ကသေနေလားရှင်နေလားမကွဲဘဲ စိမ်ရှိရှိနဲ့သာအိပ်စက်နေသည်။
မတတ်နိုင်တော့တဲ့အဆုံးကိုယ်ပေါ်က
ဇွဲသက်တန့် ကို တင်းနေအောင် လက်နှစ်ဖက် ဖြင့်ဖက်ပြီး အားကုန်သုံးကာ ထလိုက်ရသည်။နောက် ပုခက်ပေါ်ကဆင်းနိုင်သည်နှင့်
ဇွဲသက်တန့် ကို ပုခက်ပေါ်ပြန်လဲချပေးလိုက်လေသည်။ကိုယ်လေးကိုကျုံ့နိုင်သမျှကျုံ့၍အိပ်စက်နေခြင်းကြောင့်အတော်လေးအေးနေသည်ဖြစ်ရမည်။
တောကြီးတစ်ခုတည်းဖြစ်နေသောအခါ
မနက်ခင်းအချိန်များတွင် မြူနှင်းတို့
ဖုံးလွှမ်းကာ လေနုတွေကတဖြူးဖြူးနဲ့မို့
နေသားမကျသေးတဲ့သူတွေအဖို့ နေ့ခင်းအချိန်များမှာတောင် အနွေးထည်ဝတ်ထားရတတ်သည်။ကုတင်ပေါ်ကခေါက်ရက်သားရှိနေသော
စောင်ကိုယူ၍ ကွေးကွေးအိပ်နေသော
ဇွဲသက်တန့် ပေါ် လွှမ်းခြုံပေးလိုက်လေသည်။ဒီနေ့ရဲ့နောက်ကျမှုကားအတော်ဆိုးသည်။
နေမင်းကြီးရဲ့အလင်းရောင်ဖြာကျမှုအောက် ဘောစေးနောင် သည် ယခုမှနိုးထလာသော သူ့ကိုယ်သူ တောင် ရှက်မိသည်။
"မင်းကျေးဇူးကြောင့်နေမင်းကြီးငါ့ကိုလှောင်နေပြီ မသာလေး''
ဘောစေးနောင် သည်ဇွဲသက်တန့် အားတစ်ချက် ကျုံးဝါးရင်း တဲအိမ်ရဲ့အပြင်သို့ထွက်လိုက်တော့သည်။
YOU ARE READING
Never Ending ( Complete)