ဘောစေးနောင်
သူကားအဖွဲ့အစည်းထဲကဖြစ်ပြီး
သူ၏ Uniform သည်တစ်စုံလုံးအနက်ရောင်ဖြစ်သည်။မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ရာဇဝတ်မှုအစုစုတို့အားတိုက်ဖျက်ဖို့တာဝန်ယူထားသူမို့ Uniform ကအနက်ရောင်ဖြစ်နေခြင်း။
ပခုံးဘေးနှစ်ဖက်မှာတော့သူ၏လူမျိုးအားကိုယ်စားပြုသည့် အလံက သေသပ်စွာနေရာယူ၏။
အသားဖြူဖြူအရပ်ရှည်ရှည်နဲ့မြန်မာအမျိုးသားတစ်ယောက်မှာရှိသင့်ရှိထိုက်သောအရပ်ထက် ပိုရှိနေသူဖြစ်သည်။
အသက်ကနှစ်ဆယ်ကျော်မို့
ငယ်သေးသည်ဆိုရမည်။သို့သော် သူရဲ့အရည်အချင်းကိုတော့ သူ့ပခုံးထက်က တောက်တောက်ပပရှိနေသည့်ကြယ်သုံးပွင့်မှာမြင်တွေ့ရမည်ဖြစ်သည်။
စူးရဲသောမျက်ဝန်းတစ်စုံနှင့်သြဇာပါလှသောအသံ ။
သေနတ်အမြဲကိုင်လေ့ရှိသည့်လက်မောင်းနှစ်ဖက်မှာ အကြောများက ထင်းလျက်သား ။ဘောစေးနောင် သည် သူ့အသက်တစ်ဆယ့်လေးထဲကပင်ဒီလောကထဲဝင်လာသူဖြစ်သည်။
ထက်မြက်၍တော်ရုံသာမက ပရိယာယ်လည်းကြွယ်သူဖြစ်သည်။
တစ်ဆယ့်လေးနှစ်ထဲကစလို့ယခုတိုင်ထိ
ဘောစေးနောင် အောင်မြင်ခဲ့သော တိုက်ပွဲ
အမှုကြီးတွေကမနည်းမနောပင်။သူနေထိုင်ရာနယ်လေးမှာတော့ သူဟာ
နာမည်အလွန်ကြီးသည်။မျက်နှာမြင်ဖူးတဲ့သူရှားသော်လည်း
ဘောစေးနောင် လို့ပြောလိုက်ရင်အကုန်နီးပါးကသိနေလေသည်။သူစ၍တာဝန်ထမ်းဆောင်တော့မှသာ
ရာဇဝတ်မှုတွေအတော်လေးငြိမ်သွားသည်။သူသည် ဖမ်းဖိထားသည့်ရန်သူတွေကို
ဘယ်တော့မှ အရှင်မထားပါ။အဘယ်ကြောင့်ဆို သော် သူ့နေထိုင်ရာအနီးတစ်ဝိုက်၌ ထောင်မရှိလို့ဟူ၍ပြောသည်။
အရင်က အပြစ်သားသုံးရာနီးပါးဆန့်သည့်ထောင်ရှိခဲ့ပေမယ့် ဘောစေးနောင်ကဒီ တာဝန်ကိုယူခဲ့သည့်နေ့မှစ၍ ထောင်ကြီးကိုဖြိုလိုက်ခြင်းဖြစ်သည်။
YOU ARE READING
Never Ending ( Complete)