Part 31

6.3K 501 27
                                    

Part 31
.
Daddyတို့ဆီသွားဖို့အခွင့်သာတဲ့အခါ
အဆင်မပြေမှုကထပ်ရှိပြန်သည်။
မနေ့တစ်နေ့ကမှ ရည်းစားအသစ်ချွတ်ချွတ်ဖြစ်တဲ့ Soloရဲ့ပြသနာပင်။
သူ့အစ်မက Car accident နဲ့ ဆေးရုံတက်နေရတော့ သူလည်းခရီးထွက်လို့
မဖြစ်။ မောင်နှမနှစ်ယောက်တည်းရှိတာကြောင့် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်မှဖြစ်လိမ့််မည်။

ခရီးမလိုက်နိုင်တဲ့သူ့ကိုစိတ်ဆိုးခြင်းမဟုတ်ဘဲ သူ့အန္တရာယ်အတွက်စိုးနေရတော့ Zeed စိတ်ရှုပ်ကာ သက်ပြင်းရှိုက်နေခဲ့သည်။ ကိုယ်လည်းမသွားမနေသွားရမည်။Daddyကိုပြောထားပြီးပြီမို့ နောက်တစ်ခေါက်ထပ်ပြီး ကတိမတည်တဲ့သားမဖြစ်ချင်တော့။ ဒါ့အပြင်နောင်ရဲ့သတင်းကိုလည်း စိတ်မကောင်းစွာကြားခဲ့ရပြီးပြီ။ တာဝန်ကြီးတွေမရှိတော့တဲ့နောင်အတွက် ပျော်ရမလိုလိုနဲ့နယ်က နှင်ထုတ်ခံရတဲ့နောင်အတွက်သူစိတ်မကောင်းဖြစ်နေရသည်။

"မင်းအတွက်ကိုယ်လူတွေထားထားပေးမယ် သူတို့မပါဘဲ မင်းဘယ်မှမသွားရဘူး''

Zeedသူ့အတွက်အထုပ်ပြင်နေသော Soloအနားဝင်ထိုင်ပြီးလက်တစ်ဖက်ကိုအသာဆုပ်ကိုင်လိုက်သည်။ စိုးရိမ်လို့ပြောနေသောကိုယ့်ကိုပြုံးပြုံးလေးမော့ကြည့်လာပြီးခေါင်းညိတ်လေသည်။ လက်နက်တွေနဲ့ယဥ်ပါးခဲ့ပြီး တိုက်ခိုက်မှုတွေပါရင်ဆိုင်ခဲ့ဖူးတဲ့ Soloက သူ့အတွက်တော့
ထိလွယ်ရှလွယ်တဲ့ရွက်နုကလေးလိုပင်။

"တောင်းပန်ပါတယ် Zeedနဲ့အဖော်မလိုက်နိုင်လို့''

ထပ်တူစိတ်မကောင်းဖြစ်နေတဲ့
ကောင်လေးကို သူရင်ခွင်ထဲဆွဲသွင်းတော့
လက်နှစ်ဖက် က သူ့ကျောပြင်ကိုဖက်တွယ်လာ၏။

"ပြန်လာရင် မင်းနဲ့ကိုယ်ချစ်သူတွေဖြစ်သွားတဲ့အကြောင်း အားလုံးကိုပြောချင်တယ်''

ရင်ကိုလှုပ်ခတ်သွားစေတဲ့စကားမို့ Soloဖွဖွလေးပြုံးလိုက်မိသည်။ Bossနဲ့ချစ်သူဖြစ်သွားတာအခုထိ ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်သေး။ Bossလိုရွှေပုံငွေပုံကြားပေါက်ဖွားလာပြီးအရာရာပြည့်စုံတဲ့  Lordကသူ့လိုအစ်မတစ်ယောက်ပဲရှိပြီး
ပညာရေးလည်းမတောက်တခေါက်နဲ့ ကောင်ကို ချစ်ပေးနိုင်သည်။

Never Ending ( Complete) Where stories live. Discover now