Part 11
Unicode & Zawgyi
.
.
.
ဒီနေ့ဟာ အားလုံးအတွက်စခန်းတွင်နေလာသည့်ကာလတစ်လျှောက် ရင်တုန်ရဆုံးနှင့် ထကတည်းက ရှုပ်ယှက်မှုပေါင်းစုံကိုရင်ဆိုင်နေရသောနေ့ပင်။ပြေးလွှားနေရတာမျိုးမဟုတ်ဘဲ အဝတ်အစားနဲ့မှ တိုင်ပတ်ပြီး ခေါင်းရှုပ်ရသောနေ့။
သန်းမောင်ကိုအပြီးဖမ်းဖို့ ပီပင်သောသရုပ်ဆောင်မှုလိုအပ်သည်။
ယနေ့တွင်မြို့ကသူဋ္ဌေးသားတစ်ဦးရဲ့မင်္ဂလာပွဲကို သန်းမောင်တက်ရောက်မည့်အကြောင်း ပျားကလေးတွေမက
လေညှင်းလေးတွေကပါ တိကျသော သတင်းစကားကိုသယ်လာခဲ့ပြီဖြစ်သည်။သန်းမောင်ကတောင် တက်ရောက်ရတဲ့
မင်္ဂလာပွဲမို့ သူဋ္ဌေးသား ( သို့) သူဋ္ဌေးသည်
သန်းမောင်ကဲ့သို့ ဆေးဝါးတွေကိုဖြန့်ချီသည့် လူဖြစ်နိုင်သည်။ဇွဲသက်တန့် က သတို့သားရဲ့ဖခင်ဟာ
ဘိန်းဘုရင်ပဲဆိုပြီး တပ်အပ်ရိပ်မိနေသလို
ဘောစေးနောင်ကဲ့လည်း ထိုအတိုင်းပင်။သူတို့ရဲ့ဇာတ်ကြောင်းတွေကိုတောင်
မည်သူမှရှာမရအောင် ဖျောက်ထားကတည်းက တော်ရုံတန်ရုံလျော့တွက်လို့ရမယ့်သူတွေမဟုတ်။မင်္ဂလာပွဲကမနက်ဆယ်နာရီမှစမှာဖြစ်ပေ
မယ့် အစီစဥ်ရှိတဲ့ဘောစေးနောင် တို့က မနက်ခြောက်နာရီကတည်းကကြိုတင်
ပြင်ဆင်နေပြီ။Uniform ပဲအမြဲဝတ်တတ်သည့်သူတို့ဟာ
အခုတော့ အနောက်တိုင်းဝတ်စုံအနက်ရောင်အသီးသီးနှင့်။သူတို့အတွက်တော့ အရပ်ဝတ်တွေကိုဝတ်ဆင်ရတာမလွယ်သလို သေနတ်ဖွက်ဖို့ကလည်း ခေါင်းခြောက်အောင်စဥ်းစားရသေး၏။
အနောက်တိုင်းတွေရဲ့အဝတ်အစားကလည်း အထပ်တွေများသည့်အခါ သူတို့မှာ
ချွေးတွေစို့နေပြီ။အကုန်လုံးက အဆင်သင့်ဖြစ်နေပြီးသောအခါ စခန်းမှ အသံတိတ်ထွက်ခွာတော့သည်။
မြို့ထဲဆင်းဖို့ကားတွေဟာ သူတို့စီးနေကျတွေမဟုတ်ဘဲ ဘယ်သူမှမရိပ်မိအောင်
ဂူထဲဖွက်ထားတဲ့ကားတွေကိုထုတ်ထားခြင်းပင်။
YOU ARE READING
Never Ending ( Complete)