Part 25

6.4K 488 12
                                    

Part 25
.
အလုပ်မရှိသောနေ့တစ်နေ့ရဲ့မနက်ခင်းအစောပိုင်းက စိတ်ကိုပေါ့ပါးစေလျက်။

မတရားသွေးလာလေသောမနက်ခင်းလေနုအေးတို့ကြောင့် ကြက်သီးတို့ဖြန်းဖြန်းထပြီး အေးလို့တုန်နိူင်သည်။

မနက်ခင်းအစောကြီးမထတတ်သည့်သူက
ဒီရက်တော့အစောကြီးထသည်။

နေရာစိမ်းဖြစ်နေလို့မဟုတ်ဘဲ ညီလေးများပြန်လာပြီလားဆိုသည့်စိတ်ဖြင့်ထခြင်းဖြစ်သည်။

အေးစက်လွန်းသောရေက
လက်ကို ကျဥ်စေပေမယ့် ချောင်းစပ်နံဘေးထိုင်၍ သူ မျက်နှာသစ်သည်။

ရေတွေကအငွေ့ပျံမတတ်အေးတာကြောင့်
သူမြန်မြန်နှင့်ချောင်းဆီကထွက်ခွာလိုက်သည်။

ပတ်ဝန်းကျင်ကို မျက်စိကစားကြည့်တော့
တပ်သားတွေအားလုံးကနိုးနှင့်တာကြာပြီဆိုသည့်ဟန် ထမင်းချက်သူကချက်
ဂိတ်စောင့်သူကစောင့်ဖြင့် တာဝန်ထမ်းဆောင်နေကြပြီ။

Daddy ရှိနေသည့်တဲအိမ်ကပိတ်ရက်သားရှိနေသေးတာကြောင့်Daddyမထသေးမှန်းသူသိလိုက်သည်။

သွားမနိူးဖို့ကိုလည်းသူရွေးချယ်သည်။
အသက်အရွယ်ရလာသော်လည်းတာဝန်ကြီးတွေနဲ့ပိနေသေးသော Daddy ကို
သူ သနားသည်။

သက်တောင့်သက်သာနဲ့နေခွင့်ရအောင်သူလုပ်ပေးချင်သည်။

ညီလေးကိုလည်း ဒီတာဝန်တွေက လွတ်မြောက်စေပြီး အပြင်လောကတွင်
လွတ်လွတ်လပ်လပ်ပျော်ပါးစေချင်သည်။

စခန်းရှိတဲအားလုံး၏အလယ်တည့်တည့်တွင်ရပ်နေသောသူက ခါးကိုထောက်၍ သက်ပြင်းရှိုက်သည်။

အပြာရောင်ဂျင်းဘောင်းဘီနှင့်အဖြူရောင်တီရှပ်ကိုဝတ်ဆင်ထားပြီး ခြေသလုံးအထိရှည်သည့် အနက်ရောင်သိုးမွေးအနွေးထည်ကို ထပ်၍ ဝတ်ဆင်လိုက်
သည့်အခါ သူ့၏ချောမောမှုကအံ့မခန်း။

တပ်သားတွေက Zeed ကိုသူတို့၏ခေါင်းဆောင်မဟုတ်မှန်းသိသည်။
သို့သော် ရုပ်ချင်းဆင်ခြင်းကြောင့် မကြာခဏ ခိုး ခိုးကြည့်တာတို့လုပ်တတ်သည်။

Zeed က သူ့ကိုကြည့်နေသောတပ်သားတွေကို မသိသလို လျစ်လျူရှုပြီး စခန်းပတ်ပတ်လည်ကို လျှောက်ကြည့်ဖို့ရာ
ရပ်နေသည့်ခြေလှမ်းတို့ကိုပြန်၍စသည်။

Never Ending ( Complete) Where stories live. Discover now