Part 17

7.1K 513 20
                                    

Part 17
.
Unicode & Zawgyi
.
.
.
"နိုးပြီလား''

မနက်ခင်းအိပ်ရာနိုးချိန် ကိုယ့်နံဘေးထိုင်ပြီးအပြုံးလေးနဲ့လာနှုတ်ဆက်သူ။

ခေါင်းညိတ်ကာအမူအရာပြတော့
ပြုံးလျှက် ကိုယ့်နှာခေါင်းအားဖျစ်ညှစ်
သည့် ဘဝတစ်ခုလုံးပုံအပ်ချင်သူ။

"နေရတာလန်းဆန်းရဲ့လား''

ကိုယ့်နဖူးအားစမ်းရင်းမှမေးသောသူ့ကို
"မင်းကြောင့်''ဆိုပြီးအဖြေပြန်ချင်ပေမယ့်
ပါးစပ်ဟဖို့ရာအပျင်းတစ်သောအခါ
ခေါင်းသာ ညိတ်ပြမိခြင်း။

ဒါကို သူက ကြည်သာစွာပြုံးပြန်ရဲ့။

ညမအိပ်ခင်တုန်းကနေရတာညောင်းကိုက်သလောက် ဒီမနက်နိုးထလာချိန်မှာတော့
လန်းဆန်းမှုကအပြည့်နဲ့ဖြစ်သည်။

ဖြစ်နိုင်ချေတစ်ခုက သူ့ရဲ့အနှိပ်ကောင်းမှုကြောင့် ဖြစ်ပါလိမ့်မည်။

ညောင်းကိုက်ခြင်းတို့အပြီးတိုင်ပျောက်ကွယ်စေသည်အထိ သူ့စေတနာက အရမ်းကိုချိုမြိန်နေခဲ့ပါသည်။

"မနက်စာကိုဘယ်မှာစားချင်လဲ ဒီမှာလား
အရင်နေရာမှာလား''

"အရင်နေရာမှာစားမယ်''

"အင်း ပြင်ခိုင်းလိုက်မယ်''

"ထူဦး မျက်နှာသွားသစ်မလို့''

ကိုယ်တိုင်ကထလို့ရပေမယ့် မထချင်ပင်။
လက်နှစ်ဖက်ကိုဆန့်လို့ထူဖို့ပြောသည့်အခါ နောင်က ဆန့်ထားသော လက်နှစ်ဖက်ကို လစ်လျူရှုပြီး ဇွဲသက်တန့်၏ ကျောပြင်အောက်လက်လျှိုကာ ပွေ့ရက်သားဖြင့် ဆွဲထူ၏။

"အအိပ်ကြီးလိုက်တာမင်းက''

ဖောင်းအိနေသောဇွဲသက်တန့်၏မျက်ခွံ
နှစ်ဖက်ကို ကြည့်ပြီး ဘောစေးနောင်ကပြောခြင်းဖြစ်သည်။

"အဲ့တော့ lee ဖြစ်လား''

"အင်း lee ဖြစ်တယ်''

သူ့အတိုင်းလိုက်ပြောရင် ချက်ချင်းစွေကြည့်လာတတ်သောအကျင့်။

ကြောက်ရမလိုလိုနဲ့တကယ်တော့ အရမ်းကိုချစ်ဖို့ကောင်းနေတာပဲ။

"မျက်နှာသွားသစ်တော့မယ်''

ဇွဲသက်တန့် ကပြောရင်း ကုတင်ပေါ်က ဆင်းသည်။

Never Ending ( Complete) Where stories live. Discover now