12
Unicode
."နောင်!''
နံရံကိုအားကုန်ပိတ်ထိုးလိုက်တဲ့နောင်ကြောင့်အနားကလူတွေအကုန်လန့်ကုန်သွား၏။အနီးဆုံးမှာရှိနေတဲ့ဇွဲသက်တန့်
ကဆိုကိုယ်လုံးပါတုန်တက်သွားနေသည်။"နောင် စိတ်လျှော့''
မျက်မှောင်ကြုတ်ထားသည့်နောင်ဟာ
ဆိတ်နေပေမယ့် တစ်ခုခုကိုတုံ့ပြန်လိုစိတ်ပြင်းထန်နေသည်။ဇွဲသက်တန့် လည်း အတော်တင်းနေသည်။သို့သော် နောင်စိတ်မာန်လက်မာန်လျှောက်မလုပ်အောင်အရင်တားနေရတော့ သူ့မှာ
ဒေါသရော စိတ်ပူတာတွေရော ရှုပ်ထွေးကုန်၏။မြန်မာမှ TLK ကျောင်းတော်ကိုအပြန်လမ်း
Private jet ပေါ်ရှိနေစဥ် Lordရန်သူတွေရဲ့ပစ်မှတ်ခြင်းခံနေရကြောင်း သူတို့သတင်းရခဲ့သည်။ဒီထက်ပိုစောအောင်ပြန်ရောက်ချင်ပေ
မယ့် လေယာဥ်ကသူ့စံနှုန်းနဲ့သူရှိနေသေးသည်။လေယာဥ်ဆိုက်သည်နှင့် ဆေးရုံကိုသူတို့တန်းလာခဲ့သည်။
ရင်ကိုအစိတ်စိတ်အမြွှာမြွှာကြေမွသွားစေတဲ့မြင်ကွင်းကြောင့် သူတို့ခံပြင်းမျက်ရည်နဲ့အတူ ဒေါသမီးတွေတောက်လောင်နေတော့သည်။
လုပ်ကြံသူအား လုံးဝသက်ညှာပေးမည်မဟုတ်ပါ။
Chally က သေဆုံးဖို့ ရာခိုနှုန်းများနေပြီး
ယခု အရေးပေါ် ICU အခန်းထဲရောက်ရှိနေ၏။ ကျည်ဆန်နှစ်ထောင့်လုံးကိုခွဲထုတ်နိုင်ခဲ့သော်လည်း Chally ရဲ့ သွေးခုန်နှုန်းတွေ အသက်ရှူနှုန်းတွေဟာ ဘယ်လိုမှမျှော်လင့်မရအောင်ဆိုးဝါးနေတုန်းဖြစ်သည်။ဒုတိယဒဏ်ရာအပြင်းဆုံး လက်မောင်းထိမှန်သွားသည့်Lord ကား အားလုံးကို လျစ်လျူရှုပြီး Chally ရှိရာICU အခန်းထဲတွင် မလှုပ်မယှက်နဲ့ရှိနေသည်။
တုံ့ပြန်မှုမရှိအေးစက်လှသောChally လက်တစ်ဖက်ကိုဆုပ်ကိုင်ထားရင်း Lord
မျက်ဝန်းအိမ်ထက် မျက်ရည်များပြည့်လျှမ်းနေခဲ့သည်။ဤသည်ကား အားလုံးကိုပိုပြီးခံပြင်းရင်နာစေသည်။
Lordလို ငိုခဲတဲ့ကလေး ခံစားချက်မဲ့တဲ့ကလေးက Chally ကြောင့် စိတ်နဲ့ကိုယ်ကပ်တဲ့ပုံမပေါ်တော့ပေ။
YOU ARE READING
Never Ending ( Complete)