ကျေးဇူးတင်ခြင်း

2.5K 238 55
                                    

ကျေးဇူးတင်ခြင်း

နောက်ဆုံးတော့ ယံယံတို့မိသားစုနဲ့အတည်ကြီးခွဲရပါပြီ

ဖတ်ရှူပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်

ဒီficမှာက နောင်ကိုသူ့အမေနဲ့ပြန်အဆင်ပြေခွင့်မပေးမိတော့သလို Chally ကိုလည်း သူ့အဖေနဲ့ပြန်အဆင်ပြေအောင်လုပ်မပေးနိူင်ပြန်ဘူး

စိတ်ဒဏ်ရာတွေကကုသဖို့ခဲယဥ်းတယ်ရယ် ဘာပဲဖြစ်ဖြစ် သူပျော်ရာအရပ်မှာနေတာပဲကောင်းပါတယ်

အပြင်မှာလည်း မိဘနဲ့လုံးဝအဆင်မပြေတဲ့သားသမီးတွေအများကြီးရှိပါတယ်
ဝတ္တရားအရ ငွေနဲ့ထောက်ပံ့ရုံလုပ်နေတာတွေဆို ကိုယ်အများကြီးတွေ့ဖူးတယ်

တချို့မိဘတွေက သူတို့သားသမီးကို
ငါမွေးထားလို့လူဖြစ်လာတာဆိုပြီး မတော်မတရားချုပ်ချယ်တာတွေရှိတယ်
တချို့က သူတို့သားသမီးကို ဘာပြောပြော ဟုတ် တစ်လုံးပဲပြန်ပြောတတ်အောင် သြဇာအာဏာနဲ့ လုပ်နေတာကလည်းရှိတယ် တချို့ကဆို ငွေမျက်နှာအရမ်းလိုက် ၊ တချို့မိဘတွေကတော့
သူတို့သားသမီးရဲ့စိတ်ခံစားချက်ကိုအလေးနက်ထားပေးတယ်

နောင်နဲ့ Chally ကိုပျော်သလိုသာနေခွင့်ပေးလိုက်ရတာက သူတို့မိဘတွေကြောင့်ပါ

သက်ရောက်မှုတိုင်းမှာတန်ပြန်သက်ရောက်မှုရှိတယ်ဆိုသလိုပဲလေ

နောင်အမေက အတော်ပြတ်သားနေခဲ့တော့ ရလဒ်အနေနဲ့ နောင်လည်း သူ့ကိုပြတ်သားနေခဲ့တာ ၊ ပြီးတော့ သူမကနောက်လူနဲ့ရယ် ၊ နောင်အနေနဲ့ပြန်မပတ်သက်တာပဲကောင်းပါတယ် အဖေကလည်းသက်ရှိထင်ရှားရှိနေသေးတော့

Chally အဖေက မစဥ်းစားမဆင်ခြင်နဲ့ဒေါသနောက်ကိုလိုက်ပြီး Chally ကိုစွန့်ပယ်ပြစ်တော့ Chally ကလည်း သူ့ကို
အပြီးတိုင် စွန့်ပယ်ပစ်လိုက်တာ .
အချိန်တန်ရင် နောင်တရမယ့်သူက Chally အဖေပါပဲ။

ပြီးတော့ ဇွဲသက်တန့် သေနတ်ဝယ်လိုက်တာက Zeedဆီကပါပဲ။ ဒါကိုသူထိုင်းရောက်ရင် သိပါလိမ့်မယ်။ Zeedကတော့
သူ့အလုပ်ကဘယ်လိုဘယ်ပုံဆိုပြီးပြောမှာမဟုတ်တော့ ဇွဲသက်တန့် ထိုင်းကိုရောက်မှ ဒါကိုသိလိမ့်မယ်

Never Ending ( Complete) Where stories live. Discover now