Part20

7.4K 556 35
                                    

Part 20
.
.
ဝုတ် ဝုတ်!!!

တောအုပ်ကြီးထဲ ရုတ်တရက်ဆိုသလို
ခွေးဟောင်သံတွေက ဆူညံစွာထွက်ပေါ်လာ၏။

လူ့အသံရော လူ့ခြေသံတွေပါ ကြားနေရသည်မို့ ဇွဲသက်တန့် သည် ဘောစေးနောင် ကို ရေဖတ်တိုက်ပေးရာမှ ရပ်ပြီး ဂူအပြင်ပြေးထွက်လေသည်။

အပြင်နားရောက်ခါနီးဇွဲသက်တန့် သည်ကျောက်ဆောင်အနားပုန်း၍ အပြင်မှအခြေနေကိုတိတ်ဆိတ်စွာ အကဲခတ်နေ၏။

သူ့စိတ်နဲ့သူ့အာရုံမှာတော့ နောင်ရဲ့တပ်ဖွဲ့တွေ ဖြစ်မယ်လို့သာ တပ်အပ်ယုံကြည်သည်။

ရန်သူတွေဖြစ်မှာလည်းစိုးရိမ်တာကြောင့်
တစ်ဖက်လူတွေကိုမမြင်ရမချင်း
ဇွဲသက်တန့် က ပုန်းနေရာမှ လုံးဝထွက်
မလာချေ။

နောင်အိပ်နေသည့်နေရာကလည်း ချောင်ကျသည်မို့အဆင်ပြေသည်။

ဝုတ် ဝုတ်!

"ဇွဲ ဇွဲသက်!''

ခွေးဟောင်သံတွေနီးကပ်လာလို့စိတ်လှုပ်ရှားနေရချိန် ခေါ်သံပါကြားလိုက်ရသည့်အခါ စိတ်ကပို၍ များစွာ လှုပ်ရှားသွားသည်။

နောင့်အသံမို့ ဇွဲသက်တန့် ချက်ချင်းပင်
ဘောစေးနောင် အနားပြေးလာလိုက်လေသည်။

"နောင်''

တကယ်ကို နောင် သတိရလာပြီဖြစ်သည်။
ဖြူဖျော့နေသောမျက်နှာကို ပွတ်သပ်လိုက်သည့်အခါ နောင်က မျက်လုံးဖွင့်လာသည်။

ဇွဲသက်တန့် အားတွေ့တော့ ဘောစေးနောင် ၏မျက်ဝန်းအစုံသည် ဝမ်းနည်းရိပ်တို့
ကြီးစိုးသွားတော့သည်။

ပြန်လာမယ်ဆိုပြီးကတိမတည်ခဲ့လို့ဝမ်းနည်းတာလား ဒါမှမဟုတ် သူ့ကြောင့်
ပင်ပန်းနေသည့် မိမိကိုသနားလို့ပဲ ဝမ်းနည်းတာလား

မျက်ရည်ပါဝဲလာသည့်နောင်ကြောင့်
ဇွဲသက်တန့် ပြုံးပြီးခေါင်းယမ်းသည်။

"ငါအဆင်ပြေတယ်နောင် ပြန်လာပေးလို့ကျေးဇူးပဲ''

ဇွဲသက်တန့် က ညင်သာစွာ ဆိုရင်း
ဘောစေးနောင်၏ဒဏ်ရာမရှိသောလက်ကို ဆုပ်ကိုင်လိုက်သည်။

Never Ending ( Complete) Where stories live. Discover now