s3(15)

3.3K 231 7
                                    

15

Unicode

.
မနက် ၇နာရီ Chally ခွဲစိတ်ခန်းဝင်ချိန်
သူတို့အကုန်ခွဲစိတ်ခန်းအပြင်၌ စုဝေးပြီးရှိနေခဲ့သည်။

ကျောင်းက ဖွင့်နေဆဲမို့အတန်းချိန်တွေရှိနေသေး၏။

ကျောင်းအုပ်ဖြစ်တဲ့ သူရိန်က Chally ခွဲစိတ်ခန်းမှထွက်လာပြီးသည်နှင့် ချက်ချင်းကျောင်းတော်ကိုတန်းပြန်လိုက်သည်။

ဘယ်သွားသွားတကောက်ကောက်လိုက်ပါတတ်သည့်ချစ်ရသူကလည်း သူနဲ့အတူကျောင်းတော်ကိုလိုက်ပြန်လေသည်။

Lordကား အတန်းချိန်တွေ ရှိသည်။

သူကား အတန်းပျက်ကွက်ဖူးသူမဟုတ်။
ကျောင်းသားခေါင်းဆောင်ကလည်းဖြစ်တော့ ကျောင်းသားများလေးစားအတုယူရအောင် သူနေရသည်။

Chally သတိမရသေးခင် သူဘယ်မှသွားချင်စိတ်မရှိ။သို့နှင့် သူသွားရမည်။

မေ့ဆေးအရှိန်နဲ့အိပ်ပျော်နေတုန်းဖြစ်တဲ့
Chally ကို သူသေချာစောင်ခြုံပေးလိုက်တော့ ဇွဲသက်တန့်က သူ့ပခုံးကိုပုတ်လာ၏။

"Chally အနားငါရှိနေမယ် Lord ပြီး​တော့
Johnနဲ့Soloလည်းခဏနေရောက်တော့မှာ''

"အင်း''

သူခေါင်းသာညိတ်လိုက်ပါသည်။ သူ့မှာအတန်းပျက်ခွင့်ရှိသော်လည်း သူ မပျက်ချင်ပါ။ ကျောင်းသားတွေတောင်တော်ရုံ
မပျက်ကွက်တာ သူ့လိုကျောင်းသားခေါင်းဆောင်က ပျက်ဖို့သင့်သည်မထင်။

ထို့အပြင် အတန်းချိန်ကလည်းတစ်ရက်မှ
သုံးလေးချိန်သာရှိသည်။

ပစ္စည်းအနည်းငယ်ရှိနေသောစားပွဲပေါ်က
ကျောပိုးအိတ်ကိုသူကောက်လွယ်မလို့လုပ်တော့ နောင်က ဦးစွာ အရင်ကောက်ယူနေ၏။

"လိုက်ပို့မယ် Lord''

Lordကား အသက်ပြည့်ဖို့ရက်ပိုင်းလိုသေးသည်။ သို့ကြောင့် သူ့တွင်ယာဥ်မောင်းလိုင်စင်မရှိသေး။

Lordကို လုံခြုံရေးတွေနဲ့ထည့်ပေး၍ရသော်လည်း အစ်ကိုဖြစ်တဲ့နောင်က စိတ်ချပုံမပေါ်တော့ သူကိုယ်တိုင်ပဲကျောင်းတော်ကိုပြန်ပို့ပေးလိုက်သည်။

Never Ending ( Complete) Where stories live. Discover now