s3(Final)

7.8K 276 13
                                    

Ending
.
Unicode
Zawgyi

.
.
Lordကား Lordဖြစ်နေရုံမက မိမိ၏
အရှင်သခင် ရှင်ဘုရင် (My Lord)ပါဖြစ်နေခဲ့သည်။

အင်္ဂလိပ်ဘာသာစကားကိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ်သည့်Lordအဖို့ဘယ်သွားသွား အဆင်ပြေသည်။

Chally နှင့်အတူ Aussie ကိုရောက်လာတာဘယ်လောက်မှမကြာသေး အဖော်တစ်သိုက်တောင်ရနေခဲ့ပြီ။

ထိုသူငယ်တွေကား Chally နှင့်ရင်းနှီးသမျှတွေရဲ့သားတွေချည်းဖြစ်သည်။

ကျိကျိတက်ချမ်းသာသောသူငယ်တွေချည်းတွေ့ဆုံကြသည့်အခါ စကားတစ်ခွန်းကအစ လောင်းကြေးထပ်ရတာတွေချည်းဖြစ်သည်။

ယနေ့ကား သူတို့အဖွဲ့ ရေခဲပြင်တွင် စကိတ်ပြိုင်စီးဖို့ရှိသည်။

သို့ကြောင့် မနက်မိုးလင်းသည်နှင့် Chally လူတွေဟာ Lordအတွက် အဝတ်အစား မနက်စာကအစ အကြိုအပို့အတွက်ပါအဆင်သင့်ပြင်ဆင်ကြတော့သည်။

Chally မှာကား အစည်းဝေးကြီးရှိနေတော့
Lordနောက် သူလိုက်နိုင်မှာမဟုတ်။
လူငယ်တွေချည်းရှိနေသည့်ပွဲမို့ သူသွားလည်း ဘာမှထူးမှာမဟုတ်ပင်။

မနက် ၉ နာရီတွင်တော့ ချိန်းဆိုထားသည့်
ရေခဲပြင်ကို Lordရောက်ရှိလာသည်။
ရောက်နှင့်နေပြီဖြစ်တဲ့သူတွေကား Lordကိုတွေ့တော့ အနားပြေးလာသည်။

တချို့ကားလက်ပြနှုတ်ဆက်ပြီး တချို့ကား လက်မောင်းကိုအသာလာထိုးပြီး
နှုတ်ဆက်ကြသည်။

ဘယ်သွားသွားလိုက်ပါတတ်သည့်အလှလေးတွေကလည်း Lordကိုပြေးဖက်လာသည်။

သူတို့နိုင်ငံတွင် အပြန်အလှန်ပွေ့ဖက်ခြင်း
နမ်းရှိုက်ခြင်း​ကား ယဥ်ကျေးမှုတစ်ရပ်ဖြစ်သည်။

"လောင်းကြေးကဘယ်လောက်လဲ''

အဖွဲ့ထဲကဆံပင်ကောက်ကောက်အသားဖြူဖြူနှင့်တစ်ယောက်ကမေးလာသည့်အခါ ဆံပင်ရှည်ကို ကျစ်ဆံမြီးကျစ်ထားသည့်လူမည်းတစ်ယောက်ကလက်ထောင်လာ၏။

"ငါတော့ တစ်သိန်းကစချင်တယ်''

တစ်သိန်းကား ဒေါ်လာတစ်သိန်းကိုဆိုလိုခြင်းဖြစ်သည်။ မြန်မာငွေနဲ့ဆို အတော်များလွန်းတဲ့ပမာဏပင်။

Never Ending ( Complete) Wo Geschichten leben. Entdecke jetzt