Part10

8K 565 13
                                    

Part 10

Unicode & Zawgyi
.
.
.
မနက်ခင်းနိုးထလာချိန် ခေါင်းက နောက်ကျိတာတို့ မူးဝေတာတို့လုံးဝမရှိဘဲ။

လန်းဆန်းမှုအပြည့်နဲ့မို့ ငါတယ်တော်ပါ့လား အရင်နှစ်ပုလင်းသောက်ထားတာတောင်အေးဆေးပဲဆို၍ ကိုယ့်ကိုယ်ကိုယ်တောင်အထင်ကြီးမိသေး၏။

လက်နှစ်ဖက်အားဆန့်ကာ အကြောဆန့်ပြီး နံရံဘက်မဟုတ်တဲ့ကုတင်ဘက်လှည့်လိုက်သည့် တဒင်္ဂ ဇွဲသက်တန့် မွာ လန့်လွန်းလို့ အော်မိတော့မတတ်။

သို့သော် ပါးစပ်ကိုအချိန်မှီအုပ်လိုက်တာကြောင့် အဆင်ပြေသွား၏။

သူ့အနား အေးစက်နေသူဟာ
ဘောစေးနောင် ပင်။ စောင်အားရင်ဘတ်ထိခြုံထားရင်း အိပ်နေတာများ နှစ်နှစ်ခြိုက်ခြိုက် ။

လက္တစ္ဖက္က ဇွဲသက်တန့် ၏ခေါင်းအုံးတွင်ရှိနေပြီး ကျန်လက်တဖက်က  ရင်ဘတ်ပေါ်တင်ထား၏။

ဘယ်ကနေဘယ်လိုဖြစ်လို့ ဘောစေးနောင်
သူ့အခန်းထဲရောက်လာရခြင်းအပေါ်
ဇွဲသက်တန့် ဘယ်လောက်ပင် စဉ်းစား
စဉ်းစားအဖြေရှာမရ။

ဇွဲသက်တန့် ဟာ မူးပြီးဆိုရင်မရမကပြသနာရှာသည်။ နိုးလာပြီးဆိုရင်လည်းဖြစ်ခဲ့သမျှကို အကုန်လုံးမေ့သွားပြန်၏။

ယခုမှာတော့နားထင်တစ်ဖက်ထောက်ရင်း
ဘောစေးနောင်ကို သူစိမ့်စိမ့်ကြည့်နေမိသည်။

မျက်နှာကအရမ်းကြီးမချောပေမယ့်
အစက်အပျောက်ကင်းတော့ ကြည့်ကောင်းသည်ဆိုနိုင်၏။

ဖြောင့်စင်းကာလုံးသည့်နှာတံလေးနှင့်
မည်းနက်နေသောမျက်ခုံးဟာ
ဘောစေးနောင်အား ပို၍ခန့်ချောစေသည်။

ဇွဲသက်တန့် သည် သတိလက်လွတ်ငေးကြည့်နေရင်းမှ ဘောစေးနောင် ၏ပါးပြင်တစ်ဖက်ကို လက်ညှိုးနဲ့သူမထိတထိကြည့်လေသည်။

"ချောလိုက်တာ''

တိုးလျလျရေရွတ်မိစဉ် လှုပ်လာသည့်
ဘောစေးနောင်ကြောင့် သူပြန်၍ အိပ်ချင်ဆောင်လိုက်တော့သည်။

ဘောစေးနောင်သည်ကား နိုးနိုးချင်းသူဘက်လှည့်လာသော ဇွဲသက်တန့် ကို
သေချာကြည့်သည်။

Never Ending ( Complete) Where stories live. Discover now