s3(11)

2.5K 205 3
                                    

11

Unicode
.

TLK ကျောင်းတော်မှ မြန်မာကိုအမြန်
Private jetဖြင့်ပြန်လာရာတွင်ကြာချိန်ကနာရီဝက်ကျော်ကျော်ရှိချေသည်။

လေယာဥ်ဆိုက်ရာနေရာနှင့်ဇွဲသက်တန့်ရှိရာအိမ်ကိုကားဖြင့်ပြန်လာရာတွင်လည်း
ကြာချိန်ကနာရီဝက်နီးပါးရှိပြန်ပြီး
မောင်မင်းကြီးသားအဆဲရပ်စေဖို့ နောင်
တခြားလုပ်သင့်တာတွေကိုပါ ဖုန်းမှ
တဆင့်ပြင်ဆင်ထားပြီးပြီဖြစ်သည်။

ဖုန်းကနှစ်လုံးဆောင်ထားရသည်။ မောင်မင်းကြီးသားက သူခွင့်မပြုဘဲဖုန်းချမိရင် ကမ္ဘာကြီးကိုဖန်လုံးထဲထည့်ပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားအောင်မွှေနှောက်နေလိမ့်မည်။

သို့ကြောင့် မြန်မာပြည်ကိုညတွင်းချင်လာရာလမ်းတွင် ချစ်သူ့ဆဲသံလေးကိုသံစဥ်အဖြစ်နားထောင်ရင်း နောင် ပြုံးရမြဲပါသည်။

အိမ်ဝင်းထဲအရောက်တွင်ဟိန်းထွက်လာသော ဇွဲသက်တန့် ဆဲသံလေးတွေကြောင့်
နောင် ခေါင်းခါလျက်သား။

ဆဲနည်းတွေကများတော့ တချို့တွေကို
နောင် ဘယ်လိုမှနားမလည်။

ခါးထောက်လျက်ကျောခိုင်းထားသူကို
နောက်ကျောမှ နောင်ထွေးဖက်လိုက်တော့

"ငါ့လပြုတ်! သေချင်းဆိုး!!''

လန့်သွားမှုနှင့်အတူ တံတောင်ဖြင့်တိုက်ကာတိုက်ခိုက်လာခြင်းကြောင့် နောင် ရှောင်ရင်း သူ့ကိုယ်လုံးကိုအရှေ့ဆွဲလှည့်ပြီး ပခုံးနှစ်ဖက်မှဖွဖွကိုင်ထားလိုက်၏။

"နောင်! ငါကတခြားလူမှတ်လို့''

ပခုံးမှသိုင်းဖက်လာသောဇွဲသက်တန့်ကိုနောင်ပြန်ပြီးထွေးဖက်ထားလိုက်၏။
ဘယ်လောက်ဒေါပွနေသလဲဆိုတစ်ကိုယ်လုံးတုန်ယင်နေသည်အထိ အသက်ရှူသံကပြင်းထန်နေ၏။

အဖြူရောင်ပြိုင်ကားလေးကိုကြည့်လိုက်တော့ အရှေ့မီးသီးတွေအကုန်ကြေမွနေလေ၏။

ရပ်ထားသည့်ကားကိုဝင်တိုက်သွားပုံအရ
တစ်ဖက်လူကမူးနေလို့ဖြစ်မည်။
သို့မဟုတ်ရင်လည်းကားအနောက်ဆုတ်ရင်းအရှိန်ပြင်းကာဝင်ကျုံးမိခြင်းဖြစ်မည်။

Never Ending ( Complete) Where stories live. Discover now