s3(10)

2.6K 197 2
                                    

10

.
Unicode

ဒေါက်~ဒေါက်

မနက်မိုးလင်းအိပ်ရာထရုံရှိသေး။
တံခါးဖွင့်သံကြောင့် Chally ဖွင့်လိုက်သည့်အခါ တံခါးခေါက်သူကJayဖြစ်နေခဲ့ပြီး
Chally ကိုအပြုံးလေးနဲ့နှုတ်ဆက်လာ၏။

"Morning ဆရာ''

"Morning Jay''

မရှင်းလင်းတဲ့ကိစ္စတချို့ရှိနေပါသော်လည်း Chally ပုံမှန်အတိုင်းသာပြန်နှုတ်ဆက်လိုက်သည်။

"ဒီနေ့သင်္ချာအစမ်းဖြေရမယ်တဲ့ဆရာ အဲဲ့ဒါကျွန်တော်ဘယ်လိုမှမတွက်နိုင်တဲ့ပုစ္ဆာတွေရှိနေလို့ ဆရာကူညီပေးနိုင်မလား''

မင်းအစ်ကိုဝမ်းကွဲLucasရောလို့ Chally မေးမိတော့မတတ်။ ကျောင်းမှာစာအတော်ဆုံးကျောင်းသားက Lordဖြစ်ပြီး
ဒုတိယ က Lucasပင်။

သို့နှင့် Lordက အင်္ဂလိပ်နှင့်သိပ္ပံကိုပိုအားသန်ပြီး Lucasက သင်္ချာအတော်ဆုံးဖြစ်သည်။

သူ့အစ်ကိုဝမ်းကွဲကသင်္ချာအတော်ဆုံးဖြစ်ပါလျက် တမင်မိမိကို လာခေါ်ခြင်းသည်
Lordမြင်အောင် တမင်လုပ်ပြနေခြင်းဖြစ်မှန်းChally သိသည်။

သို့သော် တိုက်ပွဲအောင်ဖို့လှည့်ကွက်တွေလိုနေသောအခါ Chally သူ့ကိုခေါင်းညိတ်ပြလိုက်သည်။

"ဆရာရေမိုးချိုးပြီးရင်လာခဲ့မယ်''

"ဟုတ် ဆရာ Jayစောင့်နေမယ်နော်''

တံခါးပြန်မပိတ်ခင် ကျောပေးကာစာကြည့်နေသော Lordကို တစ်ချက်ကြည့်ပြီးမှ
ထွက်သွားတဲ့Jayကြောင့် Chally သက်
ပြင်းရှ်ိုက်မိရသည်။

Lordကိုနောက်ထပ်ရန်မစဖို့ Jayကို သူပြောရမှာပဲ။

Lordကိုကြည့်တော့အေးဆေးရှိနေသည်။

သူရေမိုးချိုးပြီးအကုန်ပြင်ဆင်ပြီးသည်အထိLordက စာကိုအေးဆေးကြည့်နေတုန်းဖြစ်သည်။ သိပ္ပံမှာထူးချွန်တဲ့ကောင်လေးက တီထွင်ရတာလည်းဝါသနာပါတော့ စားပွဲပေါ်တွင် စာရွက်နဲ့တီထွင်ထားတဲ့ pistol သေနတ်တစ်လက်နဲ့
တိုက်လေယာဥ်နှစ်စီးရှိနေ၏။

"Lord ​မင်းအတွက်''

"Thanks ''

ထုံးစံအတိုင်းသကြားလုံးတွေပေးတော့
မော့မကြည့်ပေမယ့် အသာတကြည်ယူသည်။

Never Ending ( Complete) Where stories live. Discover now