s3(13)

3K 236 13
                                    

13

Unicode
.

Lordကိုလုပ်ကြံသူဟာJayဖြစ်တဲ့အကြောင်းတိကျတဲ့သက်သေရဖို့ သူတို့
အဖွဲ့သုံးဖွဲ့ခွဲပြီးလှုပ်ရှားဖြစ်ကြသည်။

Jayဦးဆောင်တဲ့မူးယစ်ဂိုဏ်းကိုအသေးစိတ်ဖော်ထုတ်သည့်အဖွဲ့။
ကျန်းမာရေးဝန်ကြီးဖြစ်တဲ့Jayအဖေမှ
Jay မူးယစ်ဂိုဏ်းထောင်ထားမှန်းသိ မသိလေ့လာဖော်ထုတ်သည့်အဖွဲ့။
Jayမျက်နှာဖုံးကိုခွာချမည့်အဖွဲ့။

သုံး​ယောက်စီပါသောအဖွဲ့သုံးဖွဲ့ လုံးကိုနောင်ပဲဦးဆောင်ပြီး ဇွဲသက်တန့် ကလည်း နံဘေးမှ သူတတ်နိုင်သလောက် ကူညီပေးလေသည်။

အချက်အလက်တွေကိုအရင်ဦးစွာလေ့လာဖော်ထုတ်ရတာကြောင့်
ကွန်ပျူတာကိုယ်စီနဲ့ဖြစ်နေကြသည်။

Keyboards နှိပ်သံတွေ အချက်ပေးသံတွေ
ဟာအတော်ကြာအထိ ဆူညံနေခဲ့သည်။

ထို့နောက် အဖွဲ့တစ်မှစပြီး ကွန်ပျူတာတွေကို နောင်ဘက်လှည့်ကာ သူတို့ရသမျှအချက်အလက်တွေကိုတင်ပြတော့သည်။

"သူ သူ့ဂိုဏ်းကိုလင်းနို့ဖြူ​ဆိုပြီး နာမည်ပေးထားပါတယ် သူ့ဂိုဏ်းကအင်အားအတော်ကြီးပုံရတယ် တခြားဂိုဏ်းတွေနဲ့လည်းအဆက်အသွယ်ရှိတဲ့ဂိုဏ်းပါ သူက
ဂိုဏ်းမှာတစ်ခါမှသူရုပ်နဲ့သူ့နာမည်ကိုထုတ်မပြပါဘူး အမြဲမျက်နှာဖုံးတပ်ထားပြီး သူ့ကိုအားလုံးက Kingလို့ပဲခေါ်ကြပါတယ်''

"အင်း နေရာအတိအကျရော''

"ဟုတ်ကဲ့ အကုန်ရထားပါတယ် ခေါင်းဆောင်''

"ဟုတ်ပြီ လျှို့ဝှက်အဖွဲ့ဝင်တွေကိုအကြောင်းကြားပါ အဲ့ဒီဂိုဏ်းကိုငါတို့မျက်ခြေမပြတ်စောင့်ကြည့်ရမယ် တစ်ခုခုထူးဆန်းလာရင်ချက်ချင်းအကြောင်းကြားပါ''

"ဟုတ်ကဲ့ ခေါင်းဆောင်''

အဖွဲ့တစ်မှအဖွဲ့ဝင်သုံးယောက်လုံး နောင် ကိုဦးညွတ်ပြီး အခန်းပြင်ထွက်သွားလေသည်။ ညတွင်းချင်းလှုပ်ရှားနေရခြင်းကြောင်း သူတို့အားလုံး အိပ်ချိန်ကိုတောင်ကျော်လွန်ခဲ့ပြီဖြစ်သည်။

အဖွဲ့နှစ်ကလည်း တင်ပြဖို့အသင့်ဖြစ်နေတဲ့ပုံ။ထို့ကြောင့် နောင် သူတို့ကို ခေါင်းညိတ်ပြပြီး တင်ဆက်ခွင့်ပေးလိုက်၏။

Never Ending ( Complete) Where stories live. Discover now