s(16)

2.7K 200 2
                                    

16

.
.
အချိန်တွေကတဖြည်းဖြည်းကုန်ဆုံးလာသည်။ Lord နေ့ဝက်စာမေးပွဲဖြေပြီးသွားသလို Chally ကလည်း သူ့မွေးရပ်ဖြစ်တဲ့
Australia ကိုပြန်နေလေပြီ။

ကျောင်းကနှစ်ဝက်ရှိသွားပါသော်လည်း
ကလေးတွေအတွက်ပိတ်ရက်မရှိချေ။

စာလုပ်ပြီးလျှင် တိုက်ရေးခိုက်ရေးဘက်ကူးပြောင်းရသလို နှစ်ဝက်စာမေးပွဲပြီး
သည့်အခါ ကလေးတွေကို တိုက်ခိုက်ရေးဘက်အထူးအားစိုက်စေလိုက်သည်။

Chally ရဲ့နှုတ်ထွက်စာကိုကျောင်းတော်က
အသာတကြည်လက်ခံပေးသည်။

ကျောင်းကိုအလောတကြီးဖွင့်ခဲ့ရတာကြောင့် ဆရာတွေလိုအပ်ရာမှ ရင်းနှီးသလောက်အရည်အချင်းရှိသူမှန်သမျှကို
အကူအညီတောင်းခဲ့ရခြင်းဖြစ်သည်။

ယခုကား အလုပ်လျှောက်လွှာတင်မည့်သူတွေကတန်းစီနေပြီ။

Chally ကလည်း သူ့ရှေ့ရေးအတွက်ဆက်လျှောက်ရဦးမည်။

သို့ကြောင့် ကျောင်းတော်က Chally ကိုနှုတ်ထွက်ခွင့်ပေးလိုက်ပါသည်။

Lord ကိုယ်တိုင် Chally ကို လေဆိပ်အထိလိုက်ပို့ပေးဖြစ်သည်။ မပြန်ခင်တစ်ရက်တွင် စကားအဝပြောခဲ့ရုံမက လေယာဥ်ထွက်မခွာသေးသည်အထိ မျက်နှာချင်း
ဆိုင်ခဲ့ကြသည်။

​လက်ချင်း​ဆုပ်ကိုင်ထားဖို့လည်း
မမေ့စေရ။

Chally ကား မဖြစ်မနေ မွေးရပ်ပြန်ရမည်။
သူမရှိစဥ် သူ့လုပ်ငန်းကိုဦးဆောင်ပေးနေသည့် သူ့လက်ထောက်ကြောင့်ဖြစ်ပေသည်။

ဇနီးနဲ့ကွာရှင်းထားတဲ့လက်ထောက်ဖြစ်သူက ယခု နောက်အိမ်ထောင်ပြုလိုက်ချေပြီ။
မယားငယ်နဲ့အတူ ကနေဒါဘက်ပြောင်းရွေ့နေထိုင်သွားဖို့အစီအစဥ်ရှိနေတာ
ကြောင့် သူ Chally ကိုအရေးတကြီးပြန်ခေါ်လိုက်ခြင်းဖြစ်သည်။

Chall တော်ပြီးသစ္စာရှိလှတဲ့ လက်ထောက်ဖြစ်သူကိုနှမြောမိတာတော့အမှန်ပင်။
သို့နှင့် သူသွားခွင့်ပေးလိုက်ပါသည်။
သို့အပြင် သူကျေးဇူးလည်းကောင်းကောင်းဆပ်လိုက်ပါသည်။

လက်ထောက်ထွက်ခွာသွားပြီမို့ Challyကိုယ်တိုင်သူ့လုပ်ငန်းတွေကိုပြန်ဦးဆောင်ရသည်။ ဖေဖေ့လုပ်ငန်းတွေကိုပါသူဆက်ပြီးတာဝန်ယူရဖို့အကြောင်းဖန်လာသည့်အခါ သူ တိုက်ခိုက်ရေးဆရာအဖြစ်ဆက်မရှိနိုင်တော့ပါ။

Never Ending ( Complete) Where stories live. Discover now