25[U&Z]

4.8K 578 3
                                    

[Unicode]

နင်မုန့် ခန္ဓာကိုယ်တခုလုံး တောင့်တင်းသွားရလေ၏။ ဟော်ပေ့ချန်ဆီမှ အေးစက်စက် အရှိန်အဝါကို သူမ ခံစားနေရသည်။

"ဒီဖျော်ဖြေရေးလောကက သတင်းတွေအကုန်လုံးက အဓိပ္ပာယ်မရှိတာတွေချည်းပဲ! အမြဲတမ်းကို မဟုတ်တဲ့ဟာတွေ တင်‌ဆက်နေကြတယ်! သက်သေမရှိဘဲနဲ့ ဘာကြောင့်များ သတင်းအဖြစ် ကြေငြာ‌ရဲရတာလဲ! TVကဏ္ဍက လူတွေကလည်း ဒီလိုအဓိပ္ပာယ်မရှိတဲ့ သတင်းမျိုးကို မစီစစ်ကြဘူးလား!" နင်မုန့် ပြောလိုက်သည်။

သူမကိုယ်သူမ ဖြေရှင်းပြီးနောက်တွင်တော့ သတင်းတင်ဆက်သူဆီမှ နောက်ထပ်အကြောင်းအရာ ထပ်ကြားလိုက်ရသည်။

"ကျွန်မတို့‌ဆီက သတင်းထောက်က သက်သေအနေနဲ့ ဓာတ်ပုံတချို့ကိုလည်း ရိုက်ခဲ့ပါသေးတယ်။ ကြည့်ရတာ အနုပညာလောကက လူတွေအနေနဲ့ သူတို့ရဲ့ အမူအကျင့်တွေကို ပြင်ဆင်ဖို့ လိုအပ်ပြီလို့ ထင်ပါတယ်...."

"..."

သူမ TVကို စူးရဲစွာသာ စိုက်ကြည့်လိုက်လေတဲ့အခါ ကားပါကင်တွင် သူမက လင်းချင်ပေ့ကို လိုက်နှောင့်ယှက်သည့် ပုံကို မြင်လိုက်ရသည်။ အစီအစဉ် နောက်တခုသို့ ပြောင်းသွားပေးရန် သူမ ဆုတောင်းနေမိ၏။ ဒီသတင်းကို သူမ ဆက်ပြီး နားမထောင်ချင်တော့။

အခန်းတွင်းမှ လေထုသည် ကို့ယို့ကားယားနိုင်နေသလို နင်မုန့်အနေနှင့် နောက်ထပ် ခေါင်းမမော့ရဲတော့ပေ။ သူမအခု အလုပ်ချင်ဆုံးအရာကား ကျွင်းတစ်ကျွင်းလောက်တူးပြီး ထိုအထဲသို့ ပြေးဝင်လိုက်ချင်တာပင်။

"တစ်ခုခုဖြစ်လို့လား" နက်ရှိုင်းသောအသံဖြင့် ဟော်ပေ့ချန် မေးလိုက်သည်။

အခန်းရဲ့ တိတ်ဆိတ်မှု ပြိုကွဲသွားပြီးနောက် ဟော်ပေ့ချန်က သူမကို ကျော်ပြီး လမ်းဆက်လျှောက်လေ၏။ သူ၏ ရှည်လျားပြီး ကြီးမားတဲ့ ခန္ဓာကိုယ်ကြောင့် အခန်းနေရာကား ပို၍ ကျဉ်းသွားသလိုပင်။

TVမှသတင်းကို ဟော်ပေ့ချန် မကြားလိုက်ရသောကြောင့် နင်မုန့် ‌ဝမ်းသာသွားသည်။ ဟော်ပေ့ချန် အပေါ်ထပ်သို့ တက်သွားမည်ကို မြင်လိုက်ရသည့်အခါ နင်မုန့် အမြန်ပင် သူ့အနောက်သို့ လိုက်၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now