30[U&Z]

4.9K 586 7
                                    

[Unicode]

"နင်မုန့်!"

ဒါ‌ကြောင့်ပဲ ချီရှန် သဘောတူလိုက်ပြီး သူမကို ဟော်ပေ့ချန် ရုံးခန်းဆီသို့ ခေါ်သွားစဉ်မှာပင် သူမမုန်းသော လူတစ်ယောက်ဆီက လှမ်းခေါ်သံကို ‌ကြားလိုက်ရသည်။

"တိုက်ဆိုင်လိုက်တာ ထပ်တွေ့ကြပြန်ပြီ!" အဖြူရောင် ၀တ်စုံပျံ့လွင့်နေရင်း စုထျန်းထျန်းသည် အပြုံးတုကို ဆင်မြန်းရင်း သူမဆီကို လမ်းလျှောက်လာလေ၏။

"ဘာလို့ ဒီရောက်နေတာလဲ" နင်မုန့် မေးလိုက်သည်။

အသံသွင်းစတူဒီယိုက ဟော်အုပ်စုအ‌ဆောက်အဦးရဲ့ ဘေးမှာရှိသော နေရာဖြစ်၏။ ထိုအဆောက်အဦး နှစ်ခုဟာလည်း တစ်ခုနဲ့တစ်ခု ဆက်စပ်မနေပေ။

"ဟော်အုပ်စုရဲ့ ambassadorအဖြစ် ငါ့ကိုရွေးချယ်ထားတာလေ! အသံသွင်းတာလည်း ပြီးပြီလေ။ အသံသွင်းစတူဒီယိုက ဘေးမှာတင် ရှိနေတာဆိုတော့ ငါ့ကိုခန့်ထားတဲ့ ဟော်အုပ်စုရဲ့ အဆောက်အဦးကို လာစစ်ဆေးကြည့်တာ မှန်တဲ့အရာပဲလေ"

စုထျန်းထျန်းကို ဒီနေ့ ဆက်တိုက်တွေ့နေရတာမို့ နင်မုန့် စိတ်အနှောက်အယှက် ဖြစ်နေလေသည်။

"ရှန်ဟိုင်းမှာ မနေတာ တကယ်ကံကောင်းတာပဲ။ နင်က သီချင်းဘယ်လို ဆိုရမှန်း သိယုံတင်မကဘူး ambassadorပါ အခန့်ခံထားရတာပဲ! ဒါ့အပြင် သရုပ်လည်းဆောင်တတ်သေးတယ်! နင် ပါတဲ့ နေရာတွေက အတော်များတယ်ဆိုတာ ငါသဘောပေါက်လိုက်တယ်။ ရှန်ဟိုင်းမှာသာ ဆက်နေရင်လည်း အခက်အခဲဖြစ်‌နေမယ်ဆိုတာ ငါခံစားကြည့်လို့ရတယ်။ နင် ခြောက်လား စိုလား[1] သိချင်လိုက်တာ"

([1] သူမ ပြောသွားတာက အမှိုက်ကိုပါ။ တရုတ်မှာ အမှိုက်ကို အမှိုက်စို(အိမ်အစားအစာ)နဲ့ အမှိုက်ခြောက်(အကြွင်းအကျန် ဖြုန်းတီးမှု)ဆိုပြီး နှစ်ခုခွဲထားပါတယ်။  ပြန်သုံးလို့ရတဲ့ ဖြုန်းတီးမှုနဲ့ သုံးစားလို့မရတော့တဲ့ ဖြုန်းတီးမှုပါ။)

"နင် ဘာတွေပြောနေတာလဲ"

နင်မုန့် ‌ ပြောနေတာက စုထျန်းထျန်းလို အပေါစားကို ဘယ်တော့မှ ပြန်သုံးကြမှာ မဟုတ်ဘူးဆိုတာပင်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now