21[U&Z]

5.2K 651 14
                                    

[Unicode]

နင်မုန့် ကြောက်လန့်နေလေ၏။ သူမနားသို့ ဖြေးဖြေးချင်း တိုးလာသော ခွေးသည် ရုတ်တရက် ခုန်အုပ်ပြီး သူမ အင်္ကျီလက်ဖျားအား ကိုက်လိုက်လေပြီး ခေါင်းတခါခါဖြင့် သူမကို ချစ်ခင်ကြောင်း ပြလေသည်။ ကြီးမားလှတဲ့ Tibetan Mastiffက သူမရှေ့တွင် ကလေးလေးတယောက်ကဲ့သို့ ပြုမူနေလေသည်။

နင်မုန့် တံတွေးတချက်လောက် မြိုချလိုက်ပြီးနောက် သူ့ခေါင်းကို ထိရန် သူမ လက်အား ကြိုးစား လှမ်းလိုက်သည်။ ချက်ချင်းပင် ထိုအကောင်ကြီးက ထိုင်ချကာ ခေါင်းမော့ပေးလျက် အမှီးအား လှုပ်ယမ်းပြလေတော့၏။

ကိုက်မည့်အရိပ်အယောင် မမြင်ရသည့်အခါ နင်မုန့် သက်ပြင်းချလိုက်သလို စတင်ကာ အကောင်ကြီး၏ ကျောပြင်အား ပွတ်ပေးလေတော့သည်။

"ဒီအကောင်ကြီးကို ကြောင်တစ်ကောင်လို ဖြစ်အောင်ထိ ယဉ်အောင်လုပ်နိုင်တဲ့ ဟော်ပေ့ချန်ကိုတော့ လေးစားသွားပြီ။ တကယ်ကို ငါ့Idolလေးက အကောင်းဆုံးပဲ"

သူမ လှည့်ကြည့်လိုက်တဲ့အခါ ရှုပ်ထွေးနေသည့် ပုံစံဖြင့် ရပ်နေသော ချီရှန်အား တွေ့လိုက်ရသည်။

"အကျင့်မကောင်းတဲ့ မိန်းမ! ထျန်းထျန်းလေးကို နင်ဘာလုပ်လိုက်တာလဲ!" ချီရှန် အော်လိုက်သည်။

သူမဘက်က တခုမှတောင် မပြောမိခင်မှာပဲ နူးညံ့လှတဲ့ Tibetan Mastiffက ချီရှန်ဆီသို့ ရုတ်တရက် ခုန်အုပ်လိုက်ပြီး စတင်ဟောင်တော့၏။ ဒေါသကြောင့် ခပ်မြန်မြန် လှုပ်ရှားနေသော ပူနွေးနွေး ဝင်သက်ထွက်သက်တို့က ချီရှန် မျက်နှာပေါ်တွင် ရွေ့လျားနေလေသည်။

"ထျန်းထျန်းလေး ငါပါ!" မျက်နှာဖြူဖတ်နေပြီဖြစ်‌သော ချီရှန်က ပြောလိုက်လေ၏။

"ဝု!"

သို့ပေမယ့်လည်း Tibetan Mastiffက သူ့အားလွှတ်ပေးမည့်ပုံမပေါ်။ တဖက်သို့ လှည့်လိုက်ပြီးနောက် ချီရှန်မျက်နှာပေါ်သို့ ထိုင်ချလိုက်လေတော့၏။ ထို့နောက် နင်မုန့်အားကြည့်ကာ သူ့အမှီးတို့ကို ခါယမ်းပြနေပုံက သူ့အားချီးကျူးပေးဖို့ ပြောနေသည့်အလား။ ထျန်းထျန်းလေးက သူမအစား လက်စားချေပေးလိုက်တယ်ဆိုတာ ခံစားလိုက်ရ၏။ ဒါကြောင့်ပဲ သူမ ထပ်စမ်းကြည့်ရန် ကြိုးစားလိုက်သည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Opowieści tętniące życiem. Odkryj je teraz