[Unicode]
အရင်ကပြောခဲ့တဲ့ စာတွေကို ပြန်ဖတ်ကြည့်တဲ့အခါ ကျန်းရှန့်မေ အနေနဲ့ "ချိုချဉ်"အကောင့်ကို လာfollowခဲ့တဲ့ အကြောင်းအရင်းက စူပါဖန် တစ်ယောက်ဖြစ်အောင် fan communitiesတွေကို စီမံခန့်ခွဲနည်းနဲ့ သစ္စာရှိတဲ့ ပရိတ်သက် တစ်ယောက်ဖြစ်နည်းကို သင်ယူဖို့ဖြစ်၏။
"မူလနင်မုန့်"က အမြဲတမ်း သူမအတွက် အကြံပေးတဲ့ နည်းလမ်းတွေမှာ "ပိုက်ဆံသုံးလိုက်။ ပိုက်ဆံအများကြီး သုံးလိုက်" ဆိုတာတွေသာ ဖြစ်သည်။
တကယ်ပါပဲ~
"ချိုချဉ်"က စုထျန်းထျန်းရဲ့ fandomထဲ ဩဇာအကြီးဆုံး စူပါဖန်ဖြစ်နေရသည့် အဓိက အကြောင်းအရင်းမှာ "သူ"က ချမ်းသာတာကြောင့် ဖြစ်သည်! ကျိကျိတက်ကို ချမ်းသာတာဖြစ်၏!
Fandomထဲမှ လူတိုင်း "သူ့" ကို သိကြသည်။ ဒါကြောင့်ပဲ "ချိုချဉ်"မှာ followersအများကြီး ရှိနေတာ ဖြစ်သည်။
[A.N/ FDတစ်ခုလုံးမက followersမှန်သမျှက သူ့ကို ယောက်ျားလေးကို ထင်နေတာပါ]အရင်တုန်းက ပြောခဲ့ဖူးတဲ့ စာတွေကို စစ်နေဆဲမှာပဲ ကျန်းရှန့်မေက နောက်ထပ် စာအနည်းငယ် ပို့လာလေပြီး အဓိကကတော့ လွန်ခဲ့တဲ့ အချိန်က ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ပြောပြထားတာ ဖြစ်သည်။
"ကြင်နာပြီးချစ်ဖို့ကောင်းတယ်" အကောင့်ကို လီဟောက်ကျယ်ရဲ့ သတို့သမီးလောင်းအဖြစ် သိသာအောင် ဖွင့်ထားပြီး ဖြစ်တာမို့ သူမ အနေနဲ့ တခြားတစ်ယောက်ဆီ သွားဆွေးနွေးဖို့ရာ မသင့်တော်ပေ။
ကြင်နာပြီးချစ်ဖို့ကောင်းတယ် : [ငါအခု လုံးဝကို ခံစားချက်မဲ့နေသလို ခံစားနေရတယ်။ သူ ဖောက်ပြန်တာက သူ့အမှားကြီးပဲ လုံးလုံးမဟုတ်ဘူးဆိုတာ သိပေမယ့် စုထျန်းထျန်းကို ငါ အရမ်း အရမ်း မုန်းတယ်! ငါ သူ့ကို လက်စားချေချင်တယ်!]
နင်မုန့်က အလျင်အမြန်ပဲ ပြန်ပြောလိုက်သည် : [လက်စားချေမယ်? ဘယ်လိုမျိုးလဲ?]
ကြင်နာပြီးချစ်ဖို့ကောင်းတယ် : [ငါ မသိဘူး။ ငါ စဉ်းစားလို့ရတာဆိုလို့ အခုချက်ချင်း သူ့မျက်နှာကို ကုတ်ဖဲ့ ဆွဲဖြဲချင်တာပဲ သိတယ်!]
VOCÊ ESTÁ LENDO
[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ
RomanceTitle-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (ongoing) I do not own the whole story and i'm just a translator who love this novel. I give all credit to ORIGINAL AUTHOR 'Young Master Yan'