191[U&Z]

1.2K 106 3
                                    

[Unicode]

သူမ ရှေ့မှာ ရပ်နေတဲ့ မိန်းကလေးကို နင်မုန့် စူးစမ်းလိုက်သည်။ သူမက ပိန်ပြီး အသားအရည်ကလည်း ဖြူ၏။ သူမရဲ့ သွင်ပြင်တွေထဲ apricot မျက်လုံးတွေက အလှဆုံးဖြစ်လေသည်။ ထိုမျက်ဝန်းတို့က တောက်ပနေပြီး ချစ်ဖို့ကောင်းအောင် လုပ်ပေးလို့နေ၏။ တစ်ယောက်ယောက်ကို ဆွဲဆောင်နိုင်လောက်တဲ့အထိ မှင်သက်စရာ ကောင်းလောက်အောင် လှမနေပေမယ့် ကြည့်လို့ကောင်းလှသည့် သိမ်မွေ့သော သွင်ပြင်ရှိသည်။ သူမရဲ့ မျက်နှာကောက်ကြောင်းကတော့ စူးရှပြီး ထူးခြားနေတာမို့ ကြော့ရှင်းမှုကို ခံစားရစေ၏။

နင်မုန့်က ပြုံးလိုက်ပြီး "အင်း?"

လီရှီးယောင်က အရမ်းကြောက်တတ်တာမို့ နင်မုန့်ကို ကြည့်ပြီးနောက် ခေါင်းငုံ့သွားလေ၏။ ရှက်သလို ခံစားနေရတာမို့ နင်မုန့်မျက်လုံးတွေကို သူမ မကြည့်ရဲ "အမှန်က ကျွန်မကို ဒီမတိုင်ခင် လျူယင်းက လာရှာသေးတယ်..."

သူမ စကားမဆုံးခင် ကျန်းရှန့်မေက ဒေါသထွက်လာပြီး "နင်ကလည်း သူတို့နဲ့ တကျိတ်တည်း တဉာဏ်တည်းပဲပေါ့?"

လီရှီးယောင်က ရှော့ရပြီး ‌ထိတ်လန့်စွာ လက်တွေကို ယမ်းပြ၏။ သူမရဲ့ စကားတွေတောင် ဖြောင့်အောင် မပြောနိုင်တော့ပေ "မဟုတ်ဘူး ကျွန်မ....ကျွန်မ မဟုတ်...."

ထိတ်လန့်မှုကြောင့် သူမ မျက်လုံးတွေက နီရဲလာပြီး မျက်ရည်တွေပင် ပြည့်လာလေ၏။

နင်မုန့်က ချက်ချင်းပဲ ပြောလိုက်သည်။ "ငါ နင့်ကို ယုံတယ်"

နေရာကို ရှာလိုက်ပြီးနောက် ပြောလိုက်သည် "ငါနဲ့ လိုက်ခဲ့"

လီရှီးယောင်က ထိုအခါတော့မှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ခေါင်းညိမ့်ပြလိုက်လေ၏ နင်ဝမ့်ထောင်ရဲ့ ရုံးခန်းဆီသို့ လျှောက်သွားရင်း နင်မုန့်နောက်မှ သူမ လိုက်သွားလိုက်‌သည်။ နင်မုန့်က အလျင်အမြန်ပဲ တံခါးဖွင့် ၀င်လိုက်သည်။ သူမတို့ ၀င်လာတဲ့အချိန် နင်ဝမ့်ထောင်က ရုံးခန်းမှာ ရှိမနေပေ လူထုဆက်သွယ်ရေးဌာနကို သွားနေတာ ဖြစ်၏။

လီရှီးယောင်ကို ဆိုဖာပေါ်တွင် ထိုင်ရန် နင်မုန့်က အရိပ်အမြွက်ပြ၏။ ကျန်းရှန့်မေကို သူမကြည့်လိုက်ပြီး "နင် ဒီအထိ ဘာလာလုပ်တာလဲ?"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now