94[U&Z]

3.3K 369 4
                                    

[Unicode]

နောက်နေ့ မနက်မှာတော့ ဖုန်းသံကြောင့် နင်မုန့် နိုးလာခဲ့သည်။

အိပ်တဝက် နိုးတဝက် အခြေအနေမှာပဲ ဖုန်းကောက်ကိုင်လိုက်တဲ့အခါ ချောင်းဆိုနေတဲ့ကြားက စကားပြောဖို့ အားထုတ်နေတဲ့ တစ်စုံတယောက်ရဲ့ မသဲမကွဲသံကို ကြားလိုက်ရသည်။ "မုန့်မုန့် လာနေပြီလား။ လာပြီဆိုရင် ချောင်းဆိုးပျောက်ဆေးလေးပါ ဝယ်လာလို့ရမလား"

"ဘယ်သူလဲ"

"ငါလေ!"

နင်မုန့် နှာခေါင်း ရှုံ့လိုက်သည်။ "လူလိမ်လား။ အသံကလည်း မရင်းနှီးဘူး။ လိမ်ဖို့လောက်နဲ့ မတရားတွေ ချောင်းဆိုးပြနေတာလား။ အဲ့လောက်တောင် မွဲနေတဲ့ကောင်လား"

"နင့်အဖေဟ!"

“??”

သူမ ဖုန်းကို ပြန်စစ်ကြည့်တော့ screenပေါ်မှ နာမည်ကိုတွေ့လိုက်ရသည်။ နင်ဝမ့်ထောင် ဖြစ်လေ၏။

"လည်ချောင်းက ဘာဖြစ်တာလဲ"

နင်ဝမ့်ထောင်ရဲ့ အသံက ကွဲရှနေလေ၏။ "ငါအခု စကားပြောလို့ မရသေးဘူး။ ဒီရောက်ဖို့ ဘယ်လောက်ကြာဦးမှာလဲ"

နင်မုန့် မျက်လုံးတို့ မှိတ်လိုက်၏။ သူမ အိပ်ချင်နေတုန်းပဲ။ "ဘယ်ကိုလဲ"

နင်ဝမ့်ထောင် ပိုပြီး စကားပြောရ ခက်ခဲလာသလို အသံက ပိုပို အက်ကွဲလာသည်။ "ဒီနေ့က ဆောင်းဦးအလယ်ပွဲတော်နေ့လေ! နေ့လည်စာ အတူစားဖို့ သဘောတူထားတယ် မဟုတ်ဘူးလား!"

"ဘာတွေ အဲ့လောက် ပူပန်နေတာလဲ။ ဆယ်နာရီတောင် မထိုးသေးဘူးလေ"

သူမ ခန္ဓာကိုယ်ကို လှိမ့်လိုက်ပြီး ဖုန်းချလိုက်ပေမယ့် ထပ်မံအိပ်လို့ မရတော့။ ဒါကြောင့်ပဲ သူမ ရေချိုးခန်းထဲ ဝင်လိုက်သည်။ မှန်ကို မျက်နှာချင်း ဆိုင်ထားရင်းပဲ အကြောတို့ဆန့်ပြီး ‌သမ်းဝေလိုက်သည်။ မနေ့ညက သူမ ဘယ်လို အိပ်ပျော်သွားတာလဲ။ သူမ ဘာမှ မမှတ်မိတော့ဘူး။ သူမ မှတ်မိတာဆိုလို့ သူက သူမကို အိပ်ယာပေါ် ချီတင်ပေးထားတာ နဲ့ တချို့သော အကြောင်းအရင်းတွေကြောင့် နှလုံးသားက စေခိုင်းတဲ့အတိုင်း အိပ်နေရင်းကနေ မေးခွန်းတချို့ မေးခဲ့လိုက်တာပဲ ဖြစ်သည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Donde viven las historias. Descúbrelo ahora