63[U&Z]

4K 530 16
                                    

[Unicode]

သတင်းကို ကြားပြီးတဲ့နောက်မှာတော့ စုထျန်းထျန်း အံ့ဩစွာပဲ ဆိုဖာပေါ်သို့ လဲကျလို့ သွားလေသည်။

လက်ထောက်ရဲ့ မှတ်တမ်းတွေကို ကြည့်ပြီးသည့်တိုင် သူမ မယုံကြည်နိုင်သေး။ entertainment industryတစ်ခုလုံးကို မွှေနှောက်သွားနိုင်သည့် ကြီးမားတဲ့ မုန်တိုင်းကြီးဆိုတာ သူမ ခံစားလို့ရနေ၏။

"The Seductress" novelသည် အရမ်းနာမည်ကြီးလေသည်။ ထိုအရာက မရင့်ကျက်သေးတဲ့ ဆယ်ကျော်သက် အရွယ်လေးတွေပါ ဖတ်သည်ဟု ဆိုလိုနေတာပဲ ဖြစ်လေ၏။ ဒါ့အပြင်...စာဖတ်သူတွေထဲမှ တစ်ယောက်က စာအုပ်ထဲမှ အတိုင်း တုပပြီး မှုခင်းတစ်ခု ကျူးလွန်သည်အထိ ဖြစ်လာလေ၏။

ဒါကြောင့်ပဲ တရုတ်အစိုးရက ပတ်ဝန်းကျင်ကို ပျက်စီးစေသည့် စာအုပ်အဖြစ် သက်မှတ်လိုက်တာကြောင့် ဆုံးဆုံးမြုပ်သွားပြီ ဖြစ်လေသည်။

အချိန်တခု ကြာတဲ့နောက် စုထျန်းထျန်း ထိုင်ခုံမှ ထရပ်လိုက်ပြီး သူမရဲ့ PR teamကို မြန်မြန်ပဲ ဖုန်းခေါ်လိုက်၏။ သူမအနေနဲ့ "The Seductress"ရုပ်ရှင်မှာ ဘယ်တုန်းကမှ သရုပ်ဆောင်ဖို့ စိတ်ကူးမရှိခဲ့ကြောင်း စာထုတ်ဖို့ လို‌လေသည်။

သူမကို ကြည့်ရင်း လီရိချန် တောင့်တင်းသွားရ၏။ သူမရဲ့ အပြုအမူနဲ့ ပုံစံတွေက... လုံးလုံး  လူစိမ်းတစ်ယောက် ဖြစ်လို့နေသည်။ ဒါက သူသိခဲ့တဲ့ စုထျန်းထျန်း မဟုတ်ပေ။

သူမက ဆင်းရဲပြီး အနည်းငယ် နိမ့်ကျတာတော့ ဟုတ်သည်။ ဒါပေမယ့် သူမဆီ ရောက်ရှိလာတဲ့ ဘယ်အခက်အခဲကိုမဆို မဆုတ်မနစ် တိုက်ထုတ်ဖို့ ကြိုးစားခဲ့သူ ဖြစ်လေ၏။ သူမသည် အောက်ခြေကနေ ကိုယ်တိုင်ကြိုးစား ရုန်းတက်လာသူ တစ်ယောက်ဖြစ်ပြီး အနုပညာနယ်ပယ်ထဲ ဖြစ်လေ့ရှိသည့် အရှက်ရစရာ ကောင်းမယ့် အပြုအမူတွေလည်း မလုပ်ခဲ့တာကြောင့် လီရိချန် အမြဲလေးစားခဲ့ရသူ ဖြစ်လေသည်။

သူမအပေါ် သူ့ခံစားချက်တွေကလည်း လေးစားမှုရှိတာထက်ကို ပိုလေ၏။

သို့ပေမယ့် ကျော်ကြားလာပြီးနောက်မှာ သူမက အနုပညာနယ်ပယ်ထဲရှိ တခြားသူများကဲ့သို့ ထူးမခြားနား သူရဲဘောကြောင်ပြီး အကျိုးအကြောင်း ဆီလျော်မှု မရှိသောသူ ဖြစ်လို့လာလေပြီ။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now