116[U&Z]

2.7K 313 4
                                    

[Unicode]

နင်မုန့် နဲ့ ကျန်းရှန့်မေက ပြိုင်ပွဲမစခင် ဖျော်ဖြေပွဲကြည့်ရှူရာ VIPခုံတန်းမှာ ထိုင်လိုက်သည်။

သူတို့အနေနဲ့ တစ်ယောက်ဘေးမှာ တယောက် မထိုင်လိုက်ကြပေမယ့် ကျန်းရှန့်မေက နင်မုန့်ဘေးက ခုံမှာထိုင်ရန် ဆုံးဖြတ်လိုက်ပြီး နေရာပြောင်းလာလေ၏။ ပြီးတဲ့အခါမှာ သူမက ပျော်ရွှင် စိတ်လှုပ်ရှာနေတဲ့ အသံနဲ့ "မကြာခင်မှာ ငါ့ ဟောက်ကျယ်လေးရဲ့ အဆင့်မြင့်တဲ့ သီချင်းဆို အရည်အသွေးကို နင်ကိုယ်တိုင် မြင်ရတော့မယ်! ဟိဟိ"

နင်မုန့်ကတော့ ဘာမှ ပြန်မဖြေလိုက်ပေ။

ကျန်းရှန့်မေက မျက်တောင်ခပ်လိုက်ပြီး "နင့် သူငယ်ချင်းကို စိုးရိမ်နေသေးတာလား? တကယ်လို့ သူမက နင့် အရိပ်အမြွက်ကို နားမလည်ဘူးဆိုရင် တိုက်ရိုက်ပဲ ပြောလိုက်လေ"

"ဒါပေမယ့် တကယ်လို့ သူမဘက်က  ပြန်တုံ့ပြန်လာမယ် ဆိုရင်ရော?"

"နင်က သူ့အပေါ် ‌အတော်နွေးထွေးပြီး ကောင်းလွန်းနေပါပြီ။ သူမက အဆိုးနဲ့အကောင်းတော့ သိမှာ‌ပါ"

နင်မုန့်ကတော့ သံသယ ရှိနေသေးစွာနဲ့ "နင်တကယ် အဲ့လိုထင်တယ်ပေါ့"

ကျန်းရှန့်မေက ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်သည်။ "ထင်တယ်"

နင်မုန့် ချောင်းဟန့်လိုက်သည်။ "အိုကေ ဒါဆိုလည်း ငါပြောမယ်။ လီဟောက်ကျယ်က စုထျန်းထျန်းအပေါ် အရမ်း ဂရုစိုက်လွန်းနေတယ်လို့ နင် မထင်ဘူးလား"

ကျန်းရှန့်မေ ကြက်‌သေ သေ သွားသည်။ သူမ သဘောပေါက်သွားတဲ့အခါ မတည်မငြိမ် ဖြစ်သွားသလို အသံကလည်း ရမ်းကားနေ၏။ "ဘာကို ဆိုလိုတာလဲ"

နင်မုန့် အလျင်အမြန်ပဲ ပြန်ပြောလိုက်သည်။ "နင်အခုလေးတင် ပြောထားတာနော် ပြန်မတုံ့ပြန်ဘူး ဆိုပြီး"

ကျန်းရှန့်မေတစ်ယောက် သူမရဲ့ ဒေါသတွေကို ဖိနှိပ်ရန် ကြိုးစားလိုက်ပြီးနောက် အေးစက်စွာ ‌ရယ်လိုက်သည်။

"လီမွန်အနှစ် ငါက နင့်ကို ရင်းရင်းနှီးနှီး ဆက်ဆံလာတယ် ဆိုတာနဲ့ ငါ့ဟောက်ကျယ်ကိုတော့ အပုပ်ချဖို့ မကြိုးစားနဲ့နော်! သူက စုထျန်းထျန်းနဲ့ ရိုးရိုး သူငယ်ချင်းပဲ!"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Donde viven las historias. Descúbrelo ahora