2[Zawgyi & Unicode]

9K 1K 18
                                    

Zawgyi

ဒီကမြင်ကွင်းက မိုက်တယ်

နင်မုန့်တစ်ယောက် သူမကိုယ်သူမ ဖိအားပေးကာ အောက်ဘက်မှမြင်ကွင်းကို တဖန်ထပ်ကြည့်လိုက်သည်။ သူမ ရောက်နေတဲ့အမြင့်ကနေမှ မြို့တစ်မြို့လုံး၏ မြင်ကွင်းအား မြင်နေရ၏။ သို့ပေမယ့်လည်း ထိုမြင်ကွင်းက သူမကို စိတ်ပျော်ရွှင်အောင် မလုပ်ပေးနိုင်ပေ။ ထိုအချိန် သူမ လက်တွေကတော့ မနက်ဖြန်ဆိုတာ မရှိတော့လောက်အောင်ထိ ချွေးထွက်နေပြီဖြစ်၏။ ချက်ချင်းပင် နှလုံးရောဂါရနိုင်လောက်သည်အထိ ဖြစ်နေပေမယ့် ကံကောင်းစွာပင် သူမ သတိတွေတော့ မလွတ်သေး။

"ကြည့်လေ! ဒီကမြင်ကွင်းက မမိုက်လွန်းဘူးလား?!" နင်မုန့်က စိတ်လှုပ်ရှားစွာ မေးလေ၏။

"...."

ဖြတ်ဖတ်ဖြူလျော် ဖြစ်နေပြီဖြစ်သော သူမမျက်နှာထားကို မြင်လိုက်ရသော ချောင်ရွှယ်ဟွာသည် တခုခုအား သဘောပေါက်သွားသည်။

"မုန့်မုန့် ငါအခုသိပြီ! နင့်ကို တယောက်ယောက်က ခြိန်းခြောက်ထားလို့လား?"

အမှန်တရားက သူမကို တယောက်မှ ခြိမ်းခြောက်မထား။ တစ်ခုတည်းသော သိသင့်တဲ့အကြောင်းအရာတခုကား နင်မုန့်ဆိုသော ဒီအမျိုးသမီးကသာ ပြဿနာဖြစ်သည်။ ဟော်ပေ့ချန်ကို လက်ထပ်ပြီး ၂နှစ်အကြာတွင်  အနည်းဆုံး ၁၆ကြိမ်နီးပါး  ကွာရှင်းခွင့်တောင်းခဲ့၏။ ဟော်ပေ့ချန်ဘက်က ကွာရှင်းဖို့ ငြင်းဆိုချိန်တိုင်း သူမသည် တခြားယောက်ျားများနှင့်ချိန်းတွေ့လေသည်။ ဟော်ပေ့ချန်က သူ့ဘေးတွင်သူမအား နေစေဖို့ ဆက်လက်ရွေးချယ်ထားသည်မှာ အလွန်ပင်ကံကောင်းလှနေပြီဖြစ်၏။

ဟော်ပေ့ချန် သူမကို မကွာရှင်းဖို့ရာ နင်မုန့်သည် ဖြေရှင်းချက်တစ်ခုအား အလျင်အမြန် စဉ်းစားလိုက်ပြီး "မဖြစ်နိုင်တာ! ဘယ်သူမှ ကျွန်မကို မခြိမ်းခြောက်ထားပါဘူး! ကျွန်မယောက်ျားကို ကြည့်လိုက်ပါဦး။ အရပ်ရှည်တယ်...ကြွက်သားတွေလည်း ရှိတယ်...ကြင်နာတယ်...ဗဟုသုတလည်းကြွယ်ဝတဲ့အပြင်ကို ဆွဲဆောင်မှုလည်းရှိတယ်လေ....အဲ့လိုလူမျိုးကို ကျွန်မက ဘာကြောင့်များ ထားခဲ့ရမှာလဲ? ပြီးတော့ ကျွန်မယောက်ျားက ကျွန်မကိုသူ့ရဲ့ရတနာလေးလို ပြုစုလာတာ! သူ ဘယ်တုန်းကမှ ကျွန်မကို မခြိမ်းခြောက်ဘူး!"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Onde histórias criam vida. Descubra agora