187[U&Z]

1.2K 104 0
                                    

[Unicode]

ဘာတုံ့ပြန်မှုမှ မလုပ်ခင် နင်မုန့်က postကို ခနကြာသည်အထိ ကြည့်နေလိုက်သည်။ ဒီဥက္ကဌနင်ဆိုတာက နင်၀မ့်ထောင်ကို ရည်ညွှန်းတာမလား? သူမရဲ့ မျက်လုံးတွေက အေးစက်သွားကာ ခနလေးအတွင်းမှာပဲ အိပ်ချင်စိတ်တို့ပါ ပျောက်ရှသွားလေ၏။ အိပ်ယာပေါ်မှ ထလိုက်ပြီးနောက် ရေအေးနှင့် မျက်နှာသစ်လိုက်သည်။ လုံးလုံးကြီး နိုးကြားလာတဲ့အခါ ဆိုဖာပေါ်မှာ သူမ ထိုင်လိုက်ပြီး weiboထဲ ၀င်လိုက်၏။

Log in၀င်ပြီးတဲ့အခါ postတွေ အများကြီးမှာ tagခံထားရသလို private chatမှာလည်း လူအများကြီး စာပို့ထားကြလေသည်။ နင်မုန့်က အကုန်လုံးကို လစ်လျူရှူလိုက်ပြီး hot searchရောက်တဲ့ နေရာကိုသာ တန်းနှိပ်လိုက်သည်။ မျှော်လင့်ထားတဲ့အတိုင်း လျူယင်းရဲ့ postက နောက်ဆက်တွဲ အကျိုးဆက်များစွာ ဖြစ်လာလေ၏။ Lemon Entertainmentရဲ့ အလုပ်သင် သုံးယောက်ကလည်း နောက်ပိုင်းတွင် Weiboပေါ် postတင်ထားကြ၏။

[အလုပ်သင် လျူရွေး : ကျွန်မတို့လို မထင်မရှား လူသစ်‌သေးသေးလေးတွေအတွက် အမ ယင်းက အခုလို ပြောလာပေးလိမ့်မယ်လို့ မထင်ထားဘူး။ CEOနင်က ကျွန်မနဲ့လည်း ဆွေးနွေးဖို့ တောင်းဆိုလာတာ ဒါပေမယ့် ကျွန်မ ငြင်းလိုက်တယ်လေ။ သိပ်လည်း မကြာရော ကျွန်မ အထုတ်ခံလိုက်ရတယ်။ အဲ့တာ တကယ့် အမှန်တရားပဲ @လျူယင်း]

[အလုပ်သင် စုမေ့ : ဒီကိစ္စကို ပြောရမှာ တော်တော်ကို ရှက်စရာ ကောင်းတယ်။ ဒါပေမယ့် သူက ဒီလိုလုပ်ဖို့ သတ္တိကောင်းနေမှတော့ ကျွန်မလည်း နောက်ဆက်တွဲဖြစ်လာမှာကို ကြောက်မနေတော့ပါဘူး။ အဲ့CEOက အစုံစား သတ္တဝါပဲ ယောက်ျားရော မိန်းမရောစားတာ။ ကျွန်မ သူ့ကို ငြင်းလိုက်တုန်းကဆို ကျွန်‌မကို ပါးတောင်ရိုက်လာခဲ့တယ်။ ပြီးလည်း ပြီးရော နှုတ်ပိတ်ခပေးဖို့ပါ ကမ်းလှမ်းလာသေးတာ ဒါပေမယ့် ကျွန်မလည်း ငြင်းခဲ့တယ်]

[အလုပ်သင် ဖန်းလီ : ကျွန်မ စိတ်ပူတာက ကျန်ခဲ့တဲ့ အလုပ်သင်တွေကို စကားပြောဖို့အတွက် ခေါ်မှာကိုပဲ။ သေချာပေါက် သူတို့က ၀န်ခံမှာတော့ မဟုတ်ဘူး။ အကယ်၍ ဒီအကြောင်းသာ ထွက်လာရင် သူတို့လည်း အကျိုးကျေးဇူးရတော့မှာ မဟုတ်‌ဘူးလေ။ သူတို့ ကျွန်မကို မရွေးချယ်ခဲ့တဲ့အတွက် တော်တော် ၀မ်းသာတယ်]

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now