126[U&Z]

2.5K 290 3
                                    

[Unicode]

နင်မုန့်က ဒေါသတကြီး ဆက်လက်၍သာ ချေပလိုက်သည်။ "တကယ်လို့ နင် သစ္စာဖောက်တာက ရှက်စရာ ကိစ္စမဟုတ်ဘူး ဆိုရင် ကျန်းရှန့်မေကလည်း ဘာအကြောင်းအရင်းနဲ့မှ ရှက်စရာလို့ ငါမမြင်ဘူး"

စုထျန်းထျန်းက သူမကို ချေပလိုက်သည်။ "မဟုတ်ဘူး သူက သူမအပေါ် သစ္စာဖောက်ခဲ့တာ မဟုတ်ဘူး! ကျန်းရှန့်မေကသာ မနာလိုဖြစ်နေတာ ဒါ အကုန်ပဲ!"

နင်မုန့်က ဟန်လုပ်ပြုံးလိုက်ပြီး "ဒါဆို မစ္စစုရဲ့ ပြောစကား အရဆို စေ့စပ်ပြီးသား ယောက်ျားတစ်ယောက်က တခြားမိန်းမ တစ်ယောက်ရဲ့ လက်ကို တယုတယကိုင်တာက သစ္စာဖောက်တာ မဟုတ်ဘူးပေါ့? ဒါဆိုရင်တော့ နင့်ရဲ့ သတို့သားလောင်းလည်း တခြားမိန်းမအပေါ် အဲ့လိုလုပ်ရင် စောင့်ကြည့်ရတာပေ့ါ။ အဲ့အချိန်ကျရင် နင်လည်း အခုလို မပြုမူဖို့ မျှော်လင့်တယ်။ ပြီးတော့ သဝန်တိုတတ်တဲ့ မိန်းမတစ်ယောက်က ဘာမှဂုဏ်ယူစရာမှ မရှိပဲလေ ဟုတ်တယ်မလား?"

ထိုစကားကြားတဲ့အခါ လူအုပ်ကြီးက စတင်ပြီး တီးတိုးပြောကြ၏။

"မစ္စတာလီ နဲ့ မစ္စစုတို့က လက်ကိုင်ခဲ့တာလား?"

"ဟမ်? မနေ့က လီဟောက်ကျယ် အရမ်းပွင့်ပွင့်လင်းလင်းကြီး စုထျန်းထျန်းကို supportပြတာ နည်းနည်းတော့ ထူးဆန်းတယ်..."

"ဒါဆို သူတို့က တကယ်ကြီး အတူတူ ဖြစ်နေပြီပေါ့?"

"..."

စုထျန်းထျန်း စတင် ပူပန်လာ၏ မဟုတ်ပါဘူး! ကျွန်မ မလုပ်ခဲ့..."

နင်မုန့်က အလျင်အမြန်ပဲ ဖြတ်ပြောလိုက်သည်။ "ဘာ မလုပ်ခဲ့တာလဲ? လူတိုင်းက ပွဲအတွက် အသံသွင်းဖို့ အလုပ်ရှုပ်နေတဲ့ အချိန် နင် နဲ့ လီဟောက်ကျယ်က လှေကားတွေနောက်မှာ ခိုးတွေးတာကို ငြင်းဖို့ ကြိုးစားနေတာလား? သူ့သီချင်း "Fly"ကို နင်အစားဆိုဖို့ မမေးခဲ့လို့လား!? လုပ်စမ်းပါ။ စရိုက်က ပျက်ပြားနေပြီး အပြစ်ကင်းချင်ယောင် ဆောင်မနေစမ်းပါနဲ့! ကျွတ် ကျွတ်! ငါ မယုံနိုင်ဘူး! နင့်မျက်နှာက ဘယ်ဓားနဲ့ဖောက်ဖောက် မပြဲနိုင်တဲ့အထိကို ထူတာပဲ ဟမ်?!"

စုထျန်းထျန်း ဒေါသထွက်လွန်း၍ သူမ တကိုယ်လုံး တုန်ယင်လို့နေသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Onde histórias criam vida. Descubra agora