88[U&Z]

3.4K 405 11
                                    

[Unicode]

ဆိုဖာပေါ်မှာ ဒေါသကြီးပြီး အလိုမကျစွာ ထိုင်နေတဲ့ ယောက်ျားကို နင်မုန့်ကတော့ မမြင်လိုက်ပေ။

အပေါ်ထပ်ကို တက်သွားရင်းပဲ နင်မုန့်က နောက်ထပ် voice message ထပ်ပို့လိုက်လေ၏။

"ပြီးတော့ ဘုရင်ကြီးချန်နဲ့ ငါ့ ကျောက်လေးတွေက အသဲပုံ သော့ချိတ်တွေ ဖြစ်ပြီးတော့ နင်တို့ဟာတွေက ရေစက်ပုံလေ။ ဒါတောင် သဘောမပေါက်ဘူးလား"

ပြီးနောက်မှာတော့ သူမဖုန်းကို ပိတ်လိုက်ပြီး အိပ်ခန်းဆီသို့သာ ဦးတည်သွားလိုက်လေ၏။

"..."

ဟော်ပေ့ချန်က အလျင်အမြန်ပဲ သူ့လက်ထဲက သလင်းကျောက်လေးကို ကြည့်လိုက်သည်။

အသဲပုံ ပုံစံ ဖြစ်လေ၏။

သလင်းကျောက်က သေချာပေါက် အသဲပုံ ပုံစံ ဖြစ်သည်ကို သဘောပေါက်သွားတဲ့အခါ ရေခဲတမျှ တောင့်တင်းနေတဲ့ မျက်ခုံးတို့က စတင် ပျော့ပျောင်းသွားလေ၏။

သူ့အပြုအမူတွေကြောင့် ဟော်ပေ့ချန် ခနတာ တောင့်တင်းသွားသည်။

နေပါဦး။

သူက ဘာလို့ သော့ချိတ်လေးလောက်နဲ့ အဲ့လောက်ထိ စိတ်ပူနေရတာတုန်း?

  -

ည8:40 အချိန်တွင် ဖြစ်သည်။

ဟော်ပေ့ချန်ကို စာကြည့်ခန်းထဲမှာပဲ ရှိလောက်မည်ဟု နင်မုန့်ထင်လိုက်တာကြောင့် အိမ်ထဲမှာ ဖြစ်သွားခဲ့တဲ့ အရာတွေကို သိပ်ပြီး အာရုံ မစိုက်မိလိုက်ပေ။

mousseကိတ်ကို ချလိုက်ပြီးနောက်မှာတော့ ညအိပ်ဝတ်စုံကို လဲဝတ်ကာ ရေချိုးခန်းထဲ၌ မျက်နှာသစ်လိုက်သည်။

ရုတ်တရက်ပဲ သူမဖုန်းက တုန်ခါလာပြန်သည်။ ပါပီကောင်လေးဆီမှ voice messageဖြစ်လေ၏။

သူမရဲ့ အခန်းက အသံကောင်းကောင်း လုံတဲ့အခန်းဖြစ်ပြီး ဟော်ပေ့ချန်ကလည်း သူမအခန်းကို ဝင်လာလေ့ မရှိတာမို့ နင်မုန့်အနေနဲ့ ဘာကိုမှ စိတ်ပူမနေတော့ဘဲ အသံကို ခပ်ကျယ်ကျယ် ဖွင့်လိုက်သည်။

"အမ အခု လိုင်းပေါ်မှာလား"

တော်ရုံအသုံးမပြုဖြစ်တဲ့ ကွန်ပျူတာရှေ့ ထိုင်လိုက်ပြီး နင်မုန့် စာပြန်လိုက်သည်။ "အင်း ငါအခု လိုင်းပေါ်တက်လာပြီ"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Tempat cerita menjadi hidup. Temukan sekarang