168[U&Z]

1.7K 190 2
                                    

[Unicode]

နင်မုန့်ရဲ့ အခြေအနေက ဘယ်လိုဖြစ်နေလဲဆိုတာ မြင်လိုက်ရတဲ့အခါ ကျန်းရှန့်မေကတော့ နောက်ထပ် ဘာမှ မပြောရဲတော့။

သူမရဲ့ နားရွက်တွေကိုသာ ထိလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်လေ၏။

နင်မုန့်က သူမကို မေးလိုက်သည်။ "ဆေးရုံသွားချင်လား"

ကျန်းရှန့်မေက လက်ခါပြရင်း "မလိုပါဘူး။ မိသားစုဒေါက်တာကို ငါ့အဖေ မေးထားပေးတယ်။ ဒဏ်ရာ ဆေးထည့်ဖို့ ငါအိမ်ပဲ ပြန်တော့မယ်။ အဲ့ဒါ အရမ်းနာတာပဲ!"

သူမက ဒေါသထွက်စွာနဲ့ "စုထျန်းထျန်းက နောက်ဆုံးနေရာ ရဖို့တောင် မထိုက်တန်ဘူး!"

နင်မုန့်က ‌တိတ်ဆိတ်နေဆဲ ဖြစ်သည်။

ကားပါကင်မှ ကားစထွက်တာနှင့် bodyguardတွေနှင့် ထွက်လာတဲ့ စုထျန်းထျန်းကို တွေ့လိုက်ရသည်။ နင်မုန့်က ကျန်းရှန့်မေရဲ့ နားရွက်ကို တချက်ကြည့်လိုက်တဲ့အခါ သွေးပြန်ထွက်နေပြီ ဖြစ်၏။

နားရွက်က ပြင်းပြင်းထန်ထန် ဆုတ်ဖြဲခံလိုက်ရတာဖြစ်တာမို့ နားပေါက်မှာ ဒဏ်ဖြစ်ပြီး အပေါက်ကြီး ဖြစ်သွားခဲ့လေသည်။ စဉ်းစားကြည့်ရုံနှင့် သေအောင် နာလိမ့်မည်။

ရုတ်တရက်ဆိုသလို နင်မုန့်က ကားကို ကွေ့လိုက်ပြီး အရှိန်မြှင့်လိုက်သည်။ ပြီးနောက် စုထျန်းထျန်း ရှိရာဘက်သို့ အရှိန်ပြင်းပြင်း မောင်းနှင်လိုက်၏။

bodyguardတွေက ထိတ်လန့်သွားသည်။ သူတို့အများစုက အနုပညာ‌ရှင်တွေ ချောင်းမြောင်း လိုက်ခံရတာနဲ့ ဓာတ်ပုံခိုးရိုက်တာကို ကာကွယ်ပေးကြဖို့ ဖြစ်သည်။ မစဉ်းစားမဆင်ခြင် သူတို့ရဲ့ အလုပ်ရှင်ကို သတ်ချင်တဲ့လူကိုတော့ တွေ့ရတာ ရှားလေ၏။

မကြာခင်မှာပဲ ခပ်စူးစူး အသံကြားလိုက်ပြီး လူတိုင်းက အဘက်ဘက်ကို ကျဲသွားကြသည်။

ကားက ဟွန်းကို စူးရှရှတီးပြီးနောက် စုထျန်းထျန်း ရှေ့မှာ ရပ်သွား၏။

နင်မုန့်က ကားထဲမှ ကတိုက်ကရိုက် ထွက်လာပြီး စုထျန်းထျန်းဆီ ရောက်ဖို့ ခြေလှမ်း ၂လှမ်း ၃လှမ်းသာ လျှောက်လိုက်ရသည်။ လူတိုင်း အသိစိတ် ပြန်ဝင်မလာခင်မှာပဲ နင်မုန့် လက်က နားရွက်ဆီက နားကပ်တွေပေါ် ဆုပ်ကိုင်ထား ပြီးနှင့်ပြီ ဖြစ်၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Donde viven las historias. Descúbrelo ahora