133[U&Z]

2.3K 267 6
                                    

[Unicode]

Fan groupတစ်ခုထဲက ခေါင်းဆောင်ထွက်သွားတယ်ဆိုတာ ရေးကြီးခွင်ကျယ် ကိစ္စရပ်တစ်ခုတော့ မဟုတ်ပေ။ သာမန်အားဖြင့် အခုလိုမျိုးက ဖြစ်လေ့ဖြစ်ထ ရှိသော ကိစ္စရပ်ဖြစ်သည်။ စီနီယာဖန်တွေ ထွက်သွားရင်တောင် ပရိတ်သက်‌အသစ်တွေက ထပ်လာjoinနေကြဦးမှာ ဖြစ်သည်။ သို့ပေမယ့်လည်း အခုလို သတင်းတွေ ပရမ်းပတာဖြစ်နေတဲ့အချိန် စုထျန်းထျန်းရဲ့ ပရိတ်သက်ခေါင်းဆောင် ထွက်သွားတာက နာမည်အကြီးဆုံး သတင်း‌တွေကိုတောင် ဖယ်ရှားနိုင်သွားသည် အထိပင်!

ဖြတ်သွားဖြတ်လာ သာမန်လူတွေကတော့ ဖြစ်ခဲ့တဲ့ အရာတွေကို အမှတ်ရသေးပြီး သတင်းအစစ်မှန်ကိုလည်း သိပြီးသွားတာကြောင့် စုထျန်းထျန်းအပေါ် သူတို့ရဲ့ လေးစားမှုတွေက ပျောက်ဆုံးလို့သွားလေပြီ။ ပရိတ်သက်အသစ်တွေကတော့ ကြာပန်းဖြူဟန်ဆောင်နေတဲ့ စုထျန်းထျန်းရဲ့ သရုပ်မှန်ကို မမြင်နိုင်ကြပေမယ့်လည်း ချိုချဉ်က fandomထဲက ထွက်သွားတဲ့အခါ မကြာခင်မှာပဲ fanအဟောင်းတွေကပါ ထိုနည်းအတိုင်း လုပ်ကုန်ကြ၏။

စုထျန်းထျန်းက Weiboကို အနီးကပ်ကြည့်ရှူနေတာမို့ သိန်းနဲ့ချီတဲ့ ပရိတ်သက်အနည်းငယ် ထွက်သွားတာကို မြင်လိုက်ရသည်။ ပရိတ်သက် သန်း၇၀ကနေ၈၀ကြား ရှိတဲ့ အနုပညာရှင်တစ်ယောက်အဖို့ သိန်းနဲ့ချီတဲ့ ပရိတ်သက်ဆိုတာက မြေပဲစေ့လောက်ပဲ ရှိလေသည် သို့ပေမယ့်လည်း သူမကို followဖြုတ်သွားသူတွေက အစတည်းက သူမကို followထားခဲ့သော လူတွေဖြစ်လေ၏။ သူတို့က သူမအပေါ် သေလောက်အောင်ထိ သစ္စာရှိ ကြိုက်ခဲ့သောလူတွေ ဖြစ်တာမို့ ဒီတကြိမ်တော့ သူမ နားမလည်နိုင် ဖြစ်လို့သွားသည်။

ကျန်းရှန့်မေက ချက်ချင်းဆိုသလို Weiboမှာ postတင်လိုက်သည်။ : [အဖေ! သမီးရဲ့ ဒူးတွေကိုသာ ယူသွားလိုက်ပါတော့[1]!]

[1] 请收下我的膝盖 ဆိုတာ နတ်ဘုရားတပါးလို ပြဿနာတွေ ဖြေရှင်းတတ်တဲ့ တစ်စုံတယောက်ဆီမှာ သူတို့ရဲ့ အသိအမှတ်ပြုမှုကို ပြတဲ့အနေနဲ့ ဒူးကို ကမ်းလှမ်းတာကို ပြောချင်တာပါ။

နင်မုန့် : [နင့်ရဲ့ ဒူးတွေအတွက် မလိုအပ်ပါဘူး။ နင့်သူငယ်ချင်းကို အိတ်ပေးဖို့တာ မမေ့နဲ့]

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Donde viven las historias. Descúbrelo ahora