166[U&Z]

1.7K 183 1
                                    

[Unicode]

သူမ ဖုန်းပေါ်က screenshotကို ဟော်ပေ့ချန် မြင်တဲ့အခါ သူ့မျက်ခုံးတို့က အနည်းငယ် ကျုံ့သွားလေ၏။ အချိန်တခုထိ ကြာအောင် ကြည့်ပြီး ဟော်တယ်ကို မှတ်မိအောင် ကြိုးစား‌ကြည့်လိုက်သည်။ နောက်ဆုံး သူမှတ်မိသွားတဲ့အခါ အစောက အပြစ်ရှိတဲ့ မျက်လုံးတွေက ၀န်းပသွား၏။

ဟော်ပေ့ချန်ရဲ့ နှလုံးသားလေးပေါ် ချိုမြိန်မှု အနည်းငယ်က ဖိတ်ကျလာသည်။ ဒေါသတကြီး မျက်လုံးပြူးပြူးနဲ့  ပြောနေတဲ့ သူမ ပုံစံက အလွန်ချစ်ဖို့ကောင်းသည်ဟု သူခံစားလိုက်ရ၏။ သူ အနည်းငယ် မပြုံးပဲ မနေနိုင်တော့။ သူ တစ်ခွန်းတောင် မပြောနိုင်ခင်မှာပဲ နင်မုန့်က ရုတ်တရက် သူ့လက်မောင်းကို ကိုင်လာပြီး အောက်သို့ ဆွဲချလိုက်ကာ သူ့ကိုယ်ကို ဖိထားလိုက်၏။ မကြာခင်မှာပဲ သူမကိုယ်လည်း ကိုင်းကျသွားပြီး ထိုင်ခုံတွေ အလယ်မှာ ကွယ်သွားလေသည်။

"??"

သူ့ခါးကို အကွေးခံရတာမို့ သက်သောင့်သက်သာ ဖြစ်မနေတာကြောင့် သူလှုပ်ရှားဖို့ ကြိုးစားတဲ့အခါ သူမက အပေါ်ကို အားနှင့်ပိုဖိပီး သူ့လက်မောင်းကို ကိုင်ထားရင်းပဲ စူးရဲစွာ ကြည့်နေလေ၏။ နင်မုန့်က ထိုတဝိုက်က အခြေအ‌နေကို ဖြည်းဖြည်းချင်း အရိပ်အခြည် ကြည့်လိုက်ပြီး စင်နောက်၀င်ပေါက်ကို ကြည့်လိုက်သည်။ လူတိုင်း ထွက်သွားကြပြီ ဖြစ်တာမို့ ခန်းမတစ်ခုလုံး ပြောင်းရှင်းနေလေသည်။

မကြာခင်မှာပဲ စုထျန်းထျန်းက ခေါင်းငုံ့ထားပြီး ပါးစပ်ကိုအုပ်ကာ ငိုနေရင်း အထဲဝင်လာလေ၏။ သူမ‌ အနောက်မှာတော့ လီဟောက်ကျယ် ပါလာသည်။ သူ့ပုံစံက စုထျန်းထျန်းကို အရင်ကလောက် စိတ်ပူနေပုံမပေါ်။ ပုံမှန်အတိုင်းသာ မေးလိုက်၏။ "ဘာဖြစ်လို့လဲ"

သူ့ကို ထိုပုံစံနဲ့သာ မြင်လိုက်ရတဲ့အခါ သူမက ခနတာ ရပ်တံ့သွားပြီးနောက် အားပျော့စွာ ဖြေလိုက်၏။ "ဘာမှ မဖြစ်ပါဘူး"

လီဟောက်ကျယ်က သူ့မျက်ခုံးတွေကို ကျုံ့လိုက်ပြီး "ငိုထားလို့တောင် မျက်နှာက ပေပွနေတာ။ ဘယ်လိုဖြစ်ပြီး ဘာမှမဖြစ်ပဲ နေမှာလဲ"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Donde viven las historias. Descúbrelo ahora