86[U&Z]

3.4K 416 7
                                    

[Unicode]

ပေါ်ထွက်လာသော ဒေါသနဲ့အတူ ထျန်းထျန်းလေးကို တွန်းထုတ်လိုက်ပြီးနောက် ဟော်ပေ့ချန် ဆိုဖာပေါ်မှာ ထိုင်လိုက်သည်။ သူ့နှုတ်ခမ်းပါးတို့ကို ဖိထားကာ မျက်လုံးတို့ မှိတ်လိုက်ပြီးနောက် မှာတော့ လှေကားတွေဆီသို့ ကြည့်လိုက်သည်။

သူ့ဆီသို့ အမြဲပြေးလာပြီး ခေါက်ဆွဲတစ်ပွဲ ပြင်ပေးတတ်တဲ့ မိန်းကလေးကို သူ စောင့်နေတာ ဖြစ်သည်။

စောင့်နေရင်းနဲ့ပဲ သူမ ပေးထားခဲ့တဲ့ အပြာရောင် သလင်းကျောက် သော့ချိတ်လေးကို ခိုင်မြဲစွာသာ ဟော်ပေ့ချန် ဆုပ်ကိုင် ထားလေ၏။

ငါးမိနစ်ကြာတဲ့အထိ မိန်းကလေးကတော့ အောက်ထပ်သို့ ဆင်းမလာသေးပေ။

ထိုအခါမှာတော့ ဟော်ပေ့ချန် ‌မျက်နှာပေါ်တွင် အလိုမကျမှုတို့ ပေါ်လာလေသည်။

ခနတာ ‌ဆိုင်းတွနေပြီးနောက်မှာတော့ အပေါ်ထပ်သို့ ဖြည်းဖြည်းချင်း လျှောက်သွားရင်း ဟန်ဆောင် ချောင်းဆိုးလိုက်သည်။

ဘာ တုံ့ပြန်မှု မရှိ။

သူမ ဘာလုပ်နေတာလဲ?

ဘာတွေဖြစ်နေလဲ စဉ်းစားနေရင်း သူ့ဖုန်းက အသံမြည်လာသည်။ နင်မုန့်ဆီမှ messageတစ်စောင် ဖြစ်သည်။

[ပြီးပြည့်စုံပြီး ခန့်ညားတဲ့ ကျွန်မရဲ့ ချစ်ဘုရင်ကြီးချန်ရေ ကျွန်မအခု စီးပွားရေး ကိစ္စလေး ရှိလို့ အပြင်ရောက်နေတာ ဒါကြောင့် ဒီည ရှင့်အတွက် ညစာ မလုပ်ပေးနိုင်လောက်တော့ဘူး။ စိတ်တော့မပူပါနဲ့ ‌အစေခံမှူးကို ရှင့်အတွက် အကောင်းစား ညစာ ပြင်ဖို့ ပြောပေးထားတာမို့ သူ မကြာခင်မှာပဲ ရောက်လာပါလိမ့်မယ်]

messageကို ဖတ်ပြီးတဲ့အခါ ဟော်ပေ့ချန်ရဲ့ မေးစေ့ပါ တောင့်တင်းသွားရသည်။ သူ့အနေနဲ့....သူမလေးနဲ့ ရန်ဖြစ်ဖို့ အင်အားအပြည့်နဲ့ ဆုံးဖြတ်ထားသည့်တိုင် သူ့ပြိုင်ဘက်ဖြစ်တဲ့ သူမကတော့ မျက်နှာလေးတောင် မပြလာပေ။

‌ကသိကအောက် ဖြစ်စရာပဲ။

ဟော်ပေ့ချန် သူ့သော့ချိတ်ကို တချက်ကြည့်လိုက်ပြီးနောက် စာကြည့်ခန်းထဲသို့သာ ဝင်သွားလိုက်သည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now